ဘူးသီးတောင်တွင် ၂ ပတ်အတွင်း မီးလောင်မှု ၄ ကြိမ်ဖြစ်ပွား

ဘူးသီးတောင်တွင် ၂ ပတ်အတွင်း မီးလောင်မှု ၄ ကြိမ်ဖြစ်ပွား

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တွင် နိုဝင်ဘာလ ၇ ရက်မှ နိုဝင်ဘာလ ၂၁ ရက် ၂ ပတ်အတွင်း မီးလောင်မှု ၄ ကြိမ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၂၁ ရက် ည ၉ နာရီခန့်က ဘူးသီးတောင်မြို့နယ်၊ သပိတ်တောင်ကျေးရွာအုပ်စု မြောက်ရွာတွင် မီးပေါ့ဆမှုကြောင့် နေအိမ် ၁ လုံးမီးလောင်ပျက်စီးခဲ့သည်ဟု သပိတ်တောင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်ကျော်နိုင်က နိရဥ္စရာကိုပြောသည်။

“မီးဖိုချောင်က လောင်တာ။ ပေါ့ဆမီးကြောင့်။ လက်ရှိမှာတော့ မိသားစုအိမ်မှာ ခဏနေနေကြတယ်”ဟု ပြောသည်။

ဓနိမိုး၊ ဝါးထရံကာ အိမိတစ်လုံးတွင် မိသားစု ၂ စု လူဦးရေ ၁၉ ဦးနေထိုင်လျက်ရှိသည့် ဒေါ်ဆော်ကီနာ (၄ဝ နှစ်) နေအိမ်မီးလောင်ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၁၉ ရက်ကလည်း ဘူးသီးတောင်မြို့နယ်၊ ငါးရန့်ချောင်းကျေးရွာအုပ်စုရှိ ယင်းမကျေးရွာတွင် နေအိမ် ၁ လုံး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထို့အပြင် နိုဝင်ဘာ ၁၃ ရက်ကလည်း ဘူးသီးတောင်မြို့နယ် မီးကျောင်းစျေးကျေးရွာရှိ အလျားပေ ၁၂၀၊ အနံ ၂၂ ပေ၊ သွပ်မိုး၊ အာရ်စီအမျိုးအစား ဘာသာရေးကျောင်း ၂ ထပ်ဆောင်တစ်ဆောင်မီးလောင်သွားခဲ့ကြောင်း သိရသည်။

အလားတူ နိုဝင်ဘာလ ၇ ရက်ကလည်း မီးကျောင်းစျေးကျေးရွာအုပ်စုရှိ ကူးတိုးဆိပ်ကျေးရွာ အလက(ခွဲ)ကျောင်းအတွင်းရှိ ကျောင်းဆောင်တစ်ဆောင်နှင့် အနီးရှိနေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့သည်ဟု သိရသည်။

ဓာတ်ပုံ - နိုဝင်ဘာ ၂၁ ရက် ညက ဘူးသီးတောင်မြို့နယ်၊ သပိတ်တောင်ကျေးရွာအုပ်စု မြောက်ရွာတွင် မီးလောင်မှုဖြစ်ခဲ့စဉ်။

August 1, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ရွှေလှေကျေးရွာကို စစ်တပ်က လေကြောင်းမှ...
July 31, 2026
အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင် တစ်ဦးတစ်ယောက်မျှ စစ်တပ်ထံ လက်နက်ချအလင်းဝင်သည့် ဖြစ်စဉ်မျိုး...
July 30, 2026
ရခိုင်-မကွေးရိုးပေါ်မှ တစ်ဆင့် နတ်ရေကန်စစ်မျက်နှာသို့ အင်အားဖြည့်တင်းရန် ရောက်ရှိလာခဲ့သော စစ်ကား...
July 27, 2026
ရခိုင်ပြည်၊ အမ်းမြို့နယ်နှင့် မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်အကြား ရိုးတောင်ကျော်လမ်းပေါ်တွင်...