အင်းတော်ကြီးဒေသက နှစ်စဉ်ကျင်းပသည့် ရှမ်းနီနှစ်သစ်ကူးပွဲတော် နှင့်ကောက်ဦးဆွမ်းကပ်လှူပွဲကို ထပ်မံဆိုင်းငံ့

အင်းတော်ကြီးဒေသက နှစ်စဉ်ကျင်းပသည့် ရှမ်းနီနှစ်သစ်ကူးပွဲတော် နှင့်ကောက်ဦးဆွမ်းကပ်လှူပွဲကို ထပ်မံဆိုင်းငံ့

အင်းတော်ကြီးဒေသ၌ နှစ်စဉ်ကျင်းပသည့်  ရှမ်းနီနှစ်သစ်ကူးပွဲတော်နှင့် ကောက်ဦးဆွမ်းကပ်လှူပွဲကို ယခုနှစ်တွင်လည်း ထပ်မံဆိုင်းငံ့လိုက်ကြောင်း အင်းတော်ကြီးဒေသ ရှမ်းနီစာပေနှင့်ယဉ်ကျေးမှုကော်မတီ ပြန်ကြားရေးမှူး ဦးသန်းစိန်က ပြောသည်။

လာမည့် ဒီဇင်ဘာ ၄ ရက်နေ့တွင် ကျရောက်မည့် ရှမ်းသက္ကရာဇ် ၂၁၁၆ ခုနှစ် နှစ်သစ်ကူးပွဲတော်ကို ဆိုင်းငံ့လိုက်ခြင်း ဖြစ်သည်။

ကိုဗစ်တတိယလှိုင်းနှင့်  မိုးညှင်းမြို့ Stay at Home အစီအစဉ်တွင်  ပယ်ဖျက်ခြင်းမရှိသေးသောကြောင့် ကျင်းပခြင်းမပြုလုပ်ဖို့ ဆုံးဖြတ်ခဲ့သည်ဟု ၄င်းကဆိုသည်။

နှစ်ပေါင်း ၂၀ ကျော်တိုင်နှစ်စဉ်မပြတ်ပြုလုပ်ခဲ့သည့် အင်းတော်ကြီးဒေသ ရှမ်းနှစ်သစ်ကူးပွဲတော်နှင့် ကောက်ဦးဆွမ်းကပ်လှူပွဲကို ကိုဗစ်ရောဂါကြောင့် ၂၀၂၀ ခုနှစ်တွင်ကျင်းပမည့် ပွဲတော်ကိုလည်း ဆိုင်းငံ့ ခဲ့ရပြီး ဖြစ်သည်။

တစ်နှစ်လျှင် ကျေးရွာအုပ်စု တစ်ခုအလှည့်ကျ ကျင်းပခဲ့ရာ ၂၀၂၀ ခုနှစ်တွင် ပန်းလားကျေးရွာအုပ်စု အိုင်လေးတူကျေးရွာတွင် ကျင်းပရန်အလှည့်ကျခဲ့ခြင်းဖြစ်သည်။

ယခုနှစ်တွင် ပွဲတော်ကို စုပေါင်းမကျင်းပနိုင်ကြသော်လည်း အုပ်စုကျေးရွာအလိုက် ကောက်ဦးဆွမ်းကပ်လှူမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

April 21, 2026
ကချင်ပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေတာတွေကို ၂ ပတ်ကြာ ရပ်နားထားမှုကြောင့်...
April 11, 2026
ရှမ်းရိုးရာသင်္ကြန်ပွဲတော်ကို မြစ်ကြီးနားမြို့နယ် နောင်ခမ်းရှမ်းရွာမှာ ရိုးရာယဉ်ကျေးမှုနဲ့အတူ...
April 10, 2026
စစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲကနေ တိုင်းရင်းသားအခြေပြုပါတီများအနေနဲ့ တစ်နိုင်ငံလုံးရဲ့ (၁၅)...
မြစ်ကြီးနားမြို့ရှိ ဆီခြံမီးလောင်မှုကို ငြိမ်းသတ်နေကြစဉ်/ Credit
April 9, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ၊ရွှေစက်ရပ်ကွက်မှာ စက်သုံးဆီသိုလှောင်ထားတဲ့...