ကင်းလှည့်နေသော ရဲတပ်ဖွဲ့ပစ်ခတ်မှုကြောင့် ခရိုင်အုပ်ချုပ်ရေးမှူးဇနီးသေဆုံး

ကင်းလှည့်နေသော ရဲတပ်ဖွဲ့ပစ်ခတ်မှုကြောင့် ခရိုင်အုပ်ချုပ်ရေးမှူးဇနီးသေဆုံး

ခန္တီးမြို့ပေါ်တွင် ကင်းလှည့်နေသော ရဲတပ်ဖွဲ့ပစ်ခတ်မှုကြောင့် ခန္တီးခရိုင်အုပ်ချုပ်ရေးမှူး၏ ဇနီး ဒေါ်ညွှန့်ညွှန့်ဝင်း နိုဝင်ဘာ ၂၁ ရက်နေ့က သေဆုံးသွားကြောင်း သတင်းရရှိသည်။

“  ရဲကင်းလှည့်နေတဲ့ ဆိုင်ကယ်ကို ခယက ကတော်သူကိုယ်တိုင်မောင်းလာတဲ့ကားက ရဲဆိုင်ကယ်ကို ပွတ်သွားတဲ့သဘောပေါ့နော် ၊ အဲ့တာကို သူလည်းသိချင်မှသိမှာ ၊ အဲတာကို သူတို့ဆိုင်ကယ်ကို ပွတ်သွားတယ်ဆိုပြီးမှ ရဲတွေက လိုက်ပစ်တာ သူကလည်း ကားမရပ်ဘူး ၊ခန့်မှန်းခြေ ဆယ့်ငါးချက် အချက် ၂၀ အဲ့လောက်တော့ကြားတယ်ပေါ့ နောက်တော့ ကားလည်းရပ်သွားပြီ ၊ ကားပေါ်ပါတဲ့ ခယက ကတော်ညက ဆုံးသွားပြီပေါ့နော်”  ဟု ဒေသခံတစ်ဦးက ရှမ်းနီအသံကို ပြောသည်။

နိုဝင်ဘာလ (၂၁) ရက်နေ့ည (၇) အချိန်က ခန္တီးမြို့မရပ်ကွက် ကမ်းနားလမ်း ရွှေမုခ်တောစေတီအနားတွင် ယင်းခဲ့သို့အခင်းဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ယနေ့ နံနက်ပိုင်းကလည်း ညကဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များနှင့်ပတ်သက်ပြီး စစ်ဆေးမှုများနှင့် ဖြစ်ပွားခဲ့သောပုံစံများ ပြန်လည်လုပ်ဆောင်ခိုင်းကြောင်း သိရသည်။

ထိုဖြစ်စဉ်တွင် ပါဝင်ခဲ့သည့် ရဲများကိုလည်း အရေးယူနိုင်ဖွယ်ရှိကြောင်း ပြောဆိုမှုများရှိနေသည်။

ထို့ပြင် နိုဝင်ဘာလ (၁၈) ရက်နေ့ကလည်း ခန္တီးမြို့ ဆောက်လုပ်ရေးဦးစီးဌာနမှူး၏ နေအိမ်တွင် ဗုံးတစ်လုံးပေါက်ကွဲခဲ့သော်လည်း ထိခိုက်ဒဏ်ရာရခဲ့သူမရှိကြောင်း သိရသည်။

၂၀၂၅ ခုနှစ်က ဧရာဝတီမြစ်ကိုဆန်တက်တဲ့ စက်လှေများကို MDY PDF တပ်က တိုက်ခိုက်စဉ်/ Credit
July 2, 2026
ဧရာဝတီမြစ်ကြောင်းတစ်လျှောက်နဲ့ မြစ်ကမ်းဘေး ၅ မိုင်အတွင်း နေထိုင်တဲ့ စစ်ကိုင်းတိုင်း၊...
July 1, 2026
ဖားကန့်မြို့နယ်၊ဆိပ်မူကျေးရွာအုပ်စု ၊ နမ့်မှော်မှော်ကျေးရွာရှိ မြေစာပုံပြိုကျမှုထဲ...
June 30, 2026
စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် တပ်ရင်း(၆)က တပ်ရင်းမှူးဖြစ်တဲ့ ပုလဲမောင်(ခေါ်)ကိုပီတာဟာ...
June 27, 2026
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဗန်းမောက်မြို့နယ်အတွင်းရှိ ကတူးစစ်ရှောင်များ...