ဘဝရပ်တည်ဖို့ ပိုမိုခက်ခဲလာပေမယ့် အဆုံးထိ တိုက်ပွဲဝင်မယ်လို့ CDM တွေပြော

ဘဝရပ်တည်ဖို့ ပိုမိုခက်ခဲလာပေမယ့် အဆုံးထိ တိုက်ပွဲဝင်မယ်လို့ CDM တွေပြော

အာဏာသိမ်း စစ်ကောင်စီကို အကြမ်းမဖက်တဲ့ နည်းလမ်းနဲ့ အာဏာဖီဆန်ရေး လုပ်ဆောင်ထားတဲ့ တနင်္သာရီတိုင်းက CDM ဝန်ထမ်းတွေဟာ ကာလ ရှည်ကြာလာတာနဲ့အမျှ ဘဝရပ်တည်ဖို့ ပိုမို ခက်ခဲလာကြတာ ဖြစ်ပါတယ်။

CDM ဝန်ထမ်းတွေဟာ အာဏာသိမ်းစစ်ကောင်စီကို အာဏာဖီဆန်လာတာ အခုဆိုရင် ၁၀ လ နီးပါးကြာမြင့်လာပြီး ဖြစ်ပါတယ်။

လက်ရှိမှာတော့ CDM ဝန်ထမ်းတွေဟာ ရရာအလုပ်တွေ လုပ်ပြီး မိသားစု ဝမ်းရေးအတွက် ဖြေရှင်းနေကြရပေမယ့် အဆင်မပြေမှုတွေနဲ့ ကြုံတွေ့နေရတာ ဖြစ်ပါတယ်။

ဒါပေမယ့် စစ်ကောင်စီလက်အောက်မှာ ဘယ်တော့မှအလုပ်ပြန်လုပ်မှာ မဟုတ်သလို အဆုံးထိ CDM ဆက်လုပ်သွားမယ်လို့ CDM ဝန်ထမ်း တစ်ဦးက အခုလို ပြောပါတယ်။

“ CDM လုပ်တာ ရက်ကြာလာတာနဲ့အမျှ အခက်ခဲတွေက ပိုလာတာပါဘဲ။ CDM လုပ်ထားသူ အများစုက စားဝတ်နေရေး အဆင်ပြေကြသူတွေက နည်းတယ်။ အောက်ခြေဝန်ထမ်းတွေက အများစုဖြစ်တယ်။ ဖြစ်သလို ရုန်းကန်နေကြပေမယ့် အဆင်ပြေသူနည်းတယ်။ အချို့ကျတော့လဲ ဒီဒဏ်တွေကို မခံနိုင်လို့ အလုပ်ပြန်ဝင်သွားသူတွေရှိတယ်။ ဒါကလည်း အနည်းစုလောက်ပါဘဲ။ အများစုကတော့ ရသလောက်တောင့်ခံနေကြတယ်”လို့ ဆိုပါတယ်။

CDM ဝန်ထမ်းတွေဟာ မိသားစု စားဝတ်နေရေးအတွက် ဈေးရောင်းတာ၊ ဆိုင်ကယ်တက္ကစီဆွဲတာနဲ့ နေ့စားအလုပ်တွေ ဝင်လုပ်ပြီး မိသားစုဝမ်းရေကို ဖြေရှင်းနေကြပေမယ့် ကိုဗစ်ကပ်ရောဂါနဲ့ နိုင်ငံရေး မတည်ငြိမ်တာကြောင့် ပုံမှန်ဝင်ငွေရဖို့ အခက်ကြုံနေရပါတယ်။

တဖက်မှာတော့ CDM ဝန်ထမ်းတွေဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ သတင်းပေး ဒလန်တွေရဲ့ စောင့်ကြည့်တာ ခံနေရတဲ့အတွက် မလုံခြုံမှုတွေကိုလည်း ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ အာဏာသိမ်း စစ်ကောင်စီဟာ CDM ဝန်ထမ်းတွေကို ဝန်ထမ်း ချေးငွေ ၂ လစာ ပြန်ဆပ်ကြဖို့ ဖိအားပေးနေသလို ပြန်မဆပ်ရင် အရေးယူမယ်လို့ ခြိမ်းခြောက်နေတာ ဖြစ်ပါတယ်။

July 31, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်အသွင်းပြောင်း အစိုးရ၏ ရက် ၁၀၀ စီမံချက်...
July 30, 2026
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) သည် အာရက္ခတပ်တော် (AA) အပါအဝင်...
July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...