ဖမ်းဆီးထားသည့်ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမား ၂၂ ဦးကို မြန်မာပြန်လွှတ်

ဖမ်းဆီးထားသည့်ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမား ၂၂ ဦးကို မြန်မာပြန်လွှတ်

မြန်မာရေတပ်က ဖမ်းဆီးထားသော ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမား ၂၂ ဦးကို ဖမ်းဆီးပြီး တစ်ရက်အကြာ  နိုဝင်ဘာ ၂၁ ရက်နေ့ နံနက်က ပြန်လွှတ်လိုက်ပြီဟု

အိုကီးယားနယူး အပါအဝင် ဘင်္ဂလားဒေ့ရှ် မီဒီယာများက ဖော်ပြသည်။

၎င်းတို့သည် စနေနေ့က နတ်မြစ်၀ရှိ စိန့်မာတင်ကျွန်းအနီးရှိ ဘင်္ဂလာဒေ့ရှ် ရေပြင်တွင် ငါးဖမ်းနေစဉ် မြန်မာရေတပ်၏ ဖမ်းဆီးခြင်းကို ခံခဲ့ကြသူများဖြစ်ကြသည်ဟု ၎င်းသတင်းများတွင် ဖော်ပြသည်။

၎င်းစက်လှေအား ဆွဲခေါ်သွားပြီး ဖမ်းဆီးခံရသူများအားလုံးကို မြန်မာရေတပ်သင်္ဘောပေါ်သို့ ခေါ်ဆောင်သွားခဲ့သည်ဟု ဆိုသည်။

မြန်မာရေတပ်က ငါးဖမ်းသမား ၂၂ ဦးနှင့် အတူ ကမ်းဝေးငါးဖမ်းစက်လှေ ၄ စီးကိုပါ ပြန်လွှတ်ပေးခဲ့သည်ဟု စိန့်မာတင်ကျွန်း အုပ်ချုပ်ရေးမှူး နုရ်အာမတ်က အတည်ပြု ပြောကြားသည်။

၎င်းကိစ္စနှင့် ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်နှင့် ကမ်းခြေစောင့်တပ်ဖွဲ့သို့ အကြောင်းကြားခဲ့ပြီး ချက်ချက်အရေးယူဆောင်ရွက် တိုက်တွန်းခဲ့သည်ဟု ဆိုသည်။

အဆိုပါ ဘင်္ဂလီ ငါးဖမ်းသမား ၂၂ ဦး ဖမ်းဆီးခြင်းကိစ္စနှင့် ပတ်သက်ပြီး မြန်မာဘက်က တစုံတရာ သတင်းထုတ်ပြန်မှု မရှိသေးပါ။

Most read this week

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...