ဖမ်းဆီးထားသည့်ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမား ၂၂ ဦးကို မြန်မာပြန်လွှတ်

ဖမ်းဆီးထားသည့်ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမား ၂၂ ဦးကို မြန်မာပြန်လွှတ်

မြန်မာရေတပ်က ဖမ်းဆီးထားသော ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမား ၂၂ ဦးကို ဖမ်းဆီးပြီး တစ်ရက်အကြာ  နိုဝင်ဘာ ၂၁ ရက်နေ့ နံနက်က ပြန်လွှတ်လိုက်ပြီဟု

အိုကီးယားနယူး အပါအဝင် ဘင်္ဂလားဒေ့ရှ် မီဒီယာများက ဖော်ပြသည်။

၎င်းတို့သည် စနေနေ့က နတ်မြစ်၀ရှိ စိန့်မာတင်ကျွန်းအနီးရှိ ဘင်္ဂလာဒေ့ရှ် ရေပြင်တွင် ငါးဖမ်းနေစဉ် မြန်မာရေတပ်၏ ဖမ်းဆီးခြင်းကို ခံခဲ့ကြသူများဖြစ်ကြသည်ဟု ၎င်းသတင်းများတွင် ဖော်ပြသည်။

၎င်းစက်လှေအား ဆွဲခေါ်သွားပြီး ဖမ်းဆီးခံရသူများအားလုံးကို မြန်မာရေတပ်သင်္ဘောပေါ်သို့ ခေါ်ဆောင်သွားခဲ့သည်ဟု ဆိုသည်။

မြန်မာရေတပ်က ငါးဖမ်းသမား ၂၂ ဦးနှင့် အတူ ကမ်းဝေးငါးဖမ်းစက်လှေ ၄ စီးကိုပါ ပြန်လွှတ်ပေးခဲ့သည်ဟု စိန့်မာတင်ကျွန်း အုပ်ချုပ်ရေးမှူး နုရ်အာမတ်က အတည်ပြု ပြောကြားသည်။

၎င်းကိစ္စနှင့် ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်နှင့် ကမ်းခြေစောင့်တပ်ဖွဲ့သို့ အကြောင်းကြားခဲ့ပြီး ချက်ချက်အရေးယူဆောင်ရွက် တိုက်တွန်းခဲ့သည်ဟု ဆိုသည်။

အဆိုပါ ဘင်္ဂလီ ငါးဖမ်းသမား ၂၂ ဦး ဖမ်းဆီးခြင်းကိစ္စနှင့် ပတ်သက်ပြီး မြန်မာဘက်က တစုံတရာ သတင်းထုတ်ပြန်မှု မရှိသေးပါ။

May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...
May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...
May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...
May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...