ရခိုင်တွင် CDM လုပ်နေသည့် အထက်တန်းပြဆရာမတစ်ဦးဖမ်းဆီးခံရ

ရခိုင်တွင် CDM လုပ်နေသည့် အထက်တန်းပြဆရာမတစ်ဦးဖမ်းဆီးခံရ

ရခိုင်ပြည်နယ်တွင် CDM လုပ်နေသည့် အထက်တန်းပြဆရာမတစ်ဦး ပထမဆုံး ဖမ်းဆီးခံလိုက်ရကြောင်း သိရသည်။

ဖမ်းဆီးခံလိုက်ရသူမှာ တောင်ကုတ်မြို့၊ ကံပိုင်ရပ်ကွက်မှ အသက် ၄၀ အရွယ် ဒေါ်ချယ်ရီသက်ရှည်ဖြစ်သည်။

သူမသည် တောင်ကုတ်အထက ၂ တွင် အထက်တန်းပြဆရာမအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ယနေ့ နိုဝင်ဘာလ ၂ဝ ရက် နံနက်တွင် သူ၏နေအိမ်မှ ရဲတပ်ဖွဲ့နှင့် စရဖတို့၏ လာရောက်ဖမ်းဆီးခြင်းကို ခံလိုက်ရကြောင်း ဒေသခံများက ပြောသည်။

ရပ်ကွက်သားတစ်ဦးက “အရပ်ဝတ်တွေနဲ့ လာပြီးဖမ်းသွားကြတာပေါ့နော်။ စရဖတွေ၊ ရဲတွေနဲ့ ရာအိမ်မှူးတွေလည်း ပါတယ်လို့ကြားတယ်” ဟု ပြောသည်။

သူမ ဖမ်းဆီးခံရခြင်းကိစ္စနှင့်ပတ်သက်၍ တောင်ကုတ်မြို့နယ်ရဲစခန်းမှူးက သူတို့မသိရှိသေးကြောင်း နိရဥ္စရာသို့ပြောသည်။

“ကျနော်တို့ကတော့ မကြားသေးဘူး။ စခန်းမှာ အမှုဖွင့်တာတွေလည်းမရှိဘူး။ ကျနော်တို့ရဲကတော့ မဖမ်းဘူး။ ဘယ်အဖွဲ့အစည်းက ဖမ်းလဲတော့မသိဘူး” ဟုပြောသည်။

တောင်ကုတ်မြို့၊ ကံပိုင်ရပ်ကွက်အုပ်ချုပ်ရေးမှူးဦးထွေးညိုကလည်း “ကျနော်မသိဘူး။ ကျနော်နဲ့ အဆက်အသွယ်မလုပ်ဘူး။ ကျနော်ကလိုက်လည်း မကြည့်ဖြစ်ဘူး” ဟုပြောသည်။

သူမသည် စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှစတင်ကာ CDM လုပ်နေသူတစ်ဦးဖြစ်သည်ဟု သိရသည်။

Most read this week

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...