ရခိုင်တွင် CDM လုပ်နေသည့် အထက်တန်းပြဆရာမတစ်ဦးဖမ်းဆီးခံရ

ရခိုင်တွင် CDM လုပ်နေသည့် အထက်တန်းပြဆရာမတစ်ဦးဖမ်းဆီးခံရ

ရခိုင်ပြည်နယ်တွင် CDM လုပ်နေသည့် အထက်တန်းပြဆရာမတစ်ဦး ပထမဆုံး ဖမ်းဆီးခံလိုက်ရကြောင်း သိရသည်။

ဖမ်းဆီးခံလိုက်ရသူမှာ တောင်ကုတ်မြို့၊ ကံပိုင်ရပ်ကွက်မှ အသက် ၄၀ အရွယ် ဒေါ်ချယ်ရီသက်ရှည်ဖြစ်သည်။

သူမသည် တောင်ကုတ်အထက ၂ တွင် အထက်တန်းပြဆရာမအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ယနေ့ နိုဝင်ဘာလ ၂ဝ ရက် နံနက်တွင် သူ၏နေအိမ်မှ ရဲတပ်ဖွဲ့နှင့် စရဖတို့၏ လာရောက်ဖမ်းဆီးခြင်းကို ခံလိုက်ရကြောင်း ဒေသခံများက ပြောသည်။

ရပ်ကွက်သားတစ်ဦးက “အရပ်ဝတ်တွေနဲ့ လာပြီးဖမ်းသွားကြတာပေါ့နော်။ စရဖတွေ၊ ရဲတွေနဲ့ ရာအိမ်မှူးတွေလည်း ပါတယ်လို့ကြားတယ်” ဟု ပြောသည်။

သူမ ဖမ်းဆီးခံရခြင်းကိစ္စနှင့်ပတ်သက်၍ တောင်ကုတ်မြို့နယ်ရဲစခန်းမှူးက သူတို့မသိရှိသေးကြောင်း နိရဥ္စရာသို့ပြောသည်။

“ကျနော်တို့ကတော့ မကြားသေးဘူး။ စခန်းမှာ အမှုဖွင့်တာတွေလည်းမရှိဘူး။ ကျနော်တို့ရဲကတော့ မဖမ်းဘူး။ ဘယ်အဖွဲ့အစည်းက ဖမ်းလဲတော့မသိဘူး” ဟုပြောသည်။

တောင်ကုတ်မြို့၊ ကံပိုင်ရပ်ကွက်အုပ်ချုပ်ရေးမှူးဦးထွေးညိုကလည်း “ကျနော်မသိဘူး။ ကျနော်နဲ့ အဆက်အသွယ်မလုပ်ဘူး။ ကျနော်ကလိုက်လည်း မကြည့်ဖြစ်ဘူး” ဟုပြောသည်။

သူမသည် စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှစတင်ကာ CDM လုပ်နေသူတစ်ဦးဖြစ်သည်ဟု သိရသည်။

August 1, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ရွှေလှေကျေးရွာကို စစ်တပ်က လေကြောင်းမှ...
July 31, 2026
အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင် တစ်ဦးတစ်ယောက်မျှ စစ်တပ်ထံ လက်နက်ချအလင်းဝင်သည့် ဖြစ်စဉ်မျိုး...
July 30, 2026
ရခိုင်-မကွေးရိုးပေါ်မှ တစ်ဆင့် နတ်ရေကန်စစ်မျက်နှာသို့ အင်အားဖြည့်တင်းရန် ရောက်ရှိလာခဲ့သော စစ်ကား...
July 27, 2026
ရခိုင်ပြည်၊ အမ်းမြို့နယ်နှင့် မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်အကြား ရိုးတောင်ကျော်လမ်းပေါ်တွင်...