ကရင်ပြည်နယ်ကောင်စီဥက္ကဌ ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ၊ ကား ၂ စီးထိမှန်

ကရင်ပြည်နယ်ကောင်စီဥက္ကဌ ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ၊ ကား ၂ စီးထိမှန်

လှိုင်းဘွဲမြို့မှ ပြန်လာသည့် ကရင်ပြည်နယ်ကောင်စီ ဥက္ကဌ စောမြင့်ဦးတို့၏ ယာဉ်တန်းမှာ နိုဝင်ဘာလ ၂၁ ရက်နေ့တွင် ဖားအံ-လှိုင်းဘွဲ ကားလမ်းပေါ် တစ်နေရာ၌ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ကား ၂ စီး ထိမှန်သည်ဟု သတင်းရရှိသည်။

အခင်းဖြစ်ပွားသည့်နံနက်တွင် လှိုင်းဘွဲမြို့၌ ပြုလုပ်သည့် အောက်ဆီဂျင်စက်ရုံ ဖွင့်ပွဲအခမ်းအနား အပြီး ဖားအံမြို့ဘက်သို့ ပြန်လာသည့် ပြည်နယ်ကောင်စီဥက္ကဌ စောမြင့်ဦး လိုက်ပါလာသောယာဉ်တန်းသည် ဖားအံ-လှိုင်းဘွဲလမ်းကြောရှိ ရေပူ (မောကို) လမ်းခွဲ အရောက်တွင် မိုင်းဆွဲတိုက်ခိုက်ခံရခြင်းဖြစ်သည်ဟု KNLA တပ်မဟာ(၇) ဗျူဟာမှူး ဗိုလ်မှူးကြီးစောဒိကွယ်က အတည်ပြု ပြောဆိုသည်။

“ခရီးစဉ် မိုင်းဆွဲတိုက်ခိုက်ခံရတာ မှန်တယ်။ ဘယ်အဖွဲ့က လုပ်လည်းဆိုတာကတော့ မသိဘူးပေါ့နော်။ ကြီးကြီးမားမား ထိခိုက်တာမရှိဘူးလို့ သိရတယ်။ ကျနော်တို့လူ လုပ်တာမဟုတ်တဲ့အတွက် သေချာတော့မသိဘူး”ဟု ၎င်းဗျူဟာမှူးက ကေအိုင်စီ သို့ ပြောသည်။

နယ်မြေခံ သတင်းအရင်းအမြစ်၏ ပြောဆိုချက်အရ ၎င်းယာဉ်တန်းမိုင်းဆွဲ တိုက်ခိုက်မှုတွင် ကားနှစ်စီး ထိခိုက်ခဲ့သော်လည်း ပြည်နယ်ကောင်စီ ဥက္ကဌ စီးနင်းလိုက်ပါလာ သည့်ကားကို ထိမှန်ခြင်းမရှိကြောင်း ဆိုကြသည်။

မိုင်းဆွဲမှု ဖြစ်ပွားသည့် နယ်မြေအနီးအဝိုက်တွင် ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/ KNLA_PC)နှင့် နယ်ခြားစောင့်တပ် တပ်ဖွဲ့(BGF) တပ်ဖွဲ့ဝင်များ လှုပ်ရှားသည့် နယ်မြေဖြစ်ပြီး KNLA တပ်ဖွဲ့များ လှုပ်ရှားမှုမရှိကြောင်း ဒေသတွင်း သတင်းအရင်း အမြစ်များ၏ ပြောပြချက်အရ သိရသည်။

May 9, 2026
“အာဏာပိုင်တွေစစ်ဆေးလာတဲ့အခါ စစ်ဆေးမှုခံယူဖို့လိုအပ်တယ်။ ကျနော်တို့ အထောက်ထားလက်မှတ်တွေကို...
Photo: KIC
May 8, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ဖမ်း...
Photo: KIC
May 7, 2026
သံလွင်မြစ်အတွင်းရှိ ခရုများတွင် အာဆင်းနစ် (Arsenic) ဓာတ်ပါဝင်မှုမှာ ဘေးကင်းစိတ်ချရသည့် စံသတ်မှတ်...
Photo crd: Save the Trees Rescue Team
May 6, 2026
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၃)၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်တွင် မေလ(၃)ရက်နေ့က...