မွန်က စစ်အုပ်စုထောက်ခံသူတွေကို လက်နက်ဆင်ပြီး ရှေ့တန်းပို့ဖို့ စစ်ကောင်စီ စီစဥ်နေ

မွန်က စစ်အုပ်စုထောက်ခံသူတွေကို လက်နက်ဆင်ပြီး ရှေ့တန်းပို့ဖို့ စစ်ကောင်စီ စီစဥ်နေ

မွန်ပြည်နယ်အတွင်းမှာ သင်တန်ပေးထားတဲ့ စစ်အုပ်စုထောက်ခံတဲ့သူတွေကို စစ်ယူနီဖောင်း လက်နက်အပြည့်အစုံနဲ့ ရှေ့တန်းမှာ တိုက်ခိုက်ခိုင်းဖို့အတွက် စစ်ကောင်စီက လူဦးရေ စာရင်းပြုစုနေတယ်လို့ စစ်တပ်နဲ့နီးစပ်သူတွေက ပြောပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU အပါအဝင် ဒေသခံ PDF တွေနဲ့ တိုက်ပွဲပြင်းထန်နေတဲ့ နေရာတွေကို ပို့ဆောင်ဖို့အတွက် ပျူစောထီး၊ ပြည်သူ့စစ်နဲ့ စစ်အုပ်စုထောက်ခံသူတွေစာရင်းကို စစ်ကောင်စီက နိုဝင်ဘာ ဒုတိယအပတ်ကစပြီး လူဦးရေ စာရင်း တောင်းခံလာတာ ဖြစ်ပါတယ်။

" PDF နဲ့ တိုက်ပွဲဖြစ်နေတဲ့ တချို့တိုင်းနဲ့ပြည်နယ်တွေကို ရှေ့တန်းပို့ဖို့အတွက် လူစုနေတာပါ၊ ထိုးစစ်ဆင်တိုက်ခိုက်ဖို့ စီစဉ်နေတာဖြစ်မယ်၊ အဲဒါကြောင့် ပျူစောထီးနဲ့ ပြည်သူ့စစ်အဖွဲ့တွေရယ်၊ တပ်မတော်ထောက်ခံသူတွေကို လိုက်စည်းရုံနေတာ၊ ယူနီဖောင်း၊ စစ်လက်နက်ပစ္စည်း အစုံအလင်ပေးမယ်၊ ပြီးရင် စစ်သားတွေနဲ့အတူ ရှေ့တန်းထွက်တိုက်ရမယ်၊ လစာလည်း ပေးမယ်လို့ ပြောတယ်” လို့ စစ်တပ်နဲ့နီးစပ်သူတစ်ဦးက ဆိုပါတယ်။

ဒါ့အပြင် သင်တန်းပေးထားတဲ့ စစ်အုပ်စုထောက်ခံသူတွေကို ရှေ့တန်းမှာ တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း လစာ ထောက်ပံ့ပေးသွားမှာ ဖြစ်ပြီး တိုက်ပွဲက ပြန်လာတဲ့သူတွေကို ခြံကွက်တွေ၊ နေအိမ်တိုက်ခန်းတွေ ချီးမြှင့်ပေးသွားမယ်လို့ စစ်ကောင်စီက စည်းရုံးလာတာ ဖြစ်ပါတယ်။

ရှေ့တန်းက ပြန်လာတဲ့သူတွေအနေနဲ့ စစ်ကောင်စီလက်အောက် စစ်တပ်နဲ့ ရဲတပ်ဖွဲ့တွေမှာ ဆက်လက် တာဝန် ထမ်းဆောင်လိုရင် ထမ်းဆောင်ခွင့်ပြုမယ်လို့ စစ်ကောင်စီက ပြောဆိုထားပါတယ်။

အာဏာသိမ်း စစ်ကောင်စီဟာ ကရင်အမျိုးသားအစည်းအရုံး KNU အပါအဝင် ဒေသခံ PDF တွေနဲ့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာ ကျဆုံးများနေတဲ့အတွက်ကြောင့် စစ်အုပ်စုထောက်ခံတွေကိုပါ ရှေ့တန်း ပို့ဖို့ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

July 31, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်အသွင်းပြောင်း အစိုးရ၏ ရက် ၁၀၀ စီမံချက်...
July 30, 2026
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) သည် အာရက္ခတပ်တော် (AA) အပါအဝင်...
July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...