SNLD ပါတီ နှင့် ဂျပန်နီပွန်ဖောင်ဒေးရှင်းမှ မစ္စတာ ဆာဆာဂါဝါ နှင့် တွေ့ဆုံ

SNLD ပါတီ နှင့် ဂျပန်နီပွန်ဖောင်ဒေးရှင်းမှ မစ္စတာ ဆာဆာဂါဝါ နှင့် တွေ့ဆုံ

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD နှင့် ဂျပန်နီပွန်ဖောင်ဒေးရှင်းမှ မစ္စတာဆာဆာကာဝါ တို့ နိုဝင်ဘာလ (၁၆) ရက်နေ့ ညနေ (၃) နာခွဲမှာ တွေ့ဆုံခဲ့ကြောင်း SNLD က ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။

တစ်နာရီကြာတွေ့ဆုံပွဲမှာ  SNLD ဥက္ကဌ ဦးစိုင်းညွှန့်လွင် နှင့် တွဲဖက်အတွင်းရေးမှူး(၁) စိုင်းကျော်ညွှန့်တို့နှင့် တွေ့ဆုံခဲ့ပြီး လက်ရှိနိုင်ငံရေးအခင်းအကျင်းနဲ့ ရှမ်းပြည်ဆိုရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း ရေးသားဖော်ပြထားသည်။

မစ္စတာ ဆာဆာကာဝါသည် မနေ့က ရခိုင်ပြည်နယ်ရှိ  ရခိုင်နိုင်ငံရေးပါတီများဖြင့်လည်းတွေ့ဆုံမှုများပြုလုပ်ခဲ့ပြီး စစ်ရှောင်စခန်းများဆီကိုလည်း သွားရောက်ခဲ့ကြောင်း သိရသည်။

မစ္စတာ ဆာဆာဂါဝါသည် နိုဝင်ဘာလ (၁၁) ရက်နေ့ကတည်းက မြန်မာနိုင်ငံသို့ရောက်ရှိနေသည့် အချိန်အတွင်းတွင် စစ်ကောင်စီနှင့်လည်းတွေ့ဆုံမှုများ ၊ရခိုင်တပ်တော် (AA) ဖြင့်လည်း အွန်လိုင်းတွေ့ဆုံမှုများပြုလုပ်ခဲ့သည်။

ဓာတ်ပုံ - (ရှမ်းနီအသံ / ပုံဟောင်း)
August 28, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ် အပါအဝင် ပြည်နယ်တွင်း၌ ရက်သတ္တပတ်ကျော်အတွင်း ဆန်ဈေးနှုန်းများ သိသိ...
ဓါတ်ပုံ - (စစ်ရှောင်များ / Crd)
August 28, 2026
ရန်ကုန်မြို့သို့ ရောက်ရှိနေသည့် ဗန်းမော်မြို့ စစ်ဘေးရှောင်များအနက် ထောက်ပံ့ကြေး တစ်ကြိမ်မျှ...
ဓာတ်ပုံ - ရှမ်းနီအသံ
August 27, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်တွင် ဘဏ်ဖွင့်လှစ်နိုင်ခြင်း မရှိသေးသဖြင့် ဌာနဆိုင်ရာ ဝန်ထမ်းများ...
August 26, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ်အတွင်းရှိ Starlink (စတားလင့်ခ်) ဝိုင်ဖိုင်စက် အသုံးပြုခများကို...