ပုလောမြို့နယ်မှာ ရပ်ကျေးအုပ်ချုပ်ရေးမှူးရဲ့ ထောက်ခံချက်ပါမှ ဖြတ်သန်းခွင့် ပေးမယ်လို့ စစ်ကောင်စီ ကြေညာ

ပုလောမြို့နယ်မှာ ရပ်ကျေးအုပ်ချုပ်ရေးမှူးရဲ့ ထောက်ခံချက်ပါမှ ဖြတ်သန်းခွင့် ပေးမယ်လို့ စစ်ကောင်စီ ကြေညာ

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်မှာ သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေရဲ့ ထောက်ခံချက် မပါရင် ဖြတ်သန်းသွားလာ ခွင့်မပြုဘူးလို့ စစ်ကောင်စီက ကြေညာထားပါတယ်။

စစ်ကောင်စီကတော့ ဘယ်ကိစ္စနဲ့ မဆို တခြားရပ်ကွက်၊ကျေးရွာတွေကို ဖြတ်သန်းသွားလာမယ်ဆိုရင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေရဲ့ ထောက်ခံချက် ပါရှိရမယ်ဆို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ကြေညာချက်ဟာ အရေးပေါ်ကုသဖို့ လိုအပ်တဲ့ ကျန်းမာရေးဆိုင်ရာကိစ္စတွေနဲ့ သေရေးရှင်ရေးကိစ္စတွေမှာ အသက်အန္တရာယ်နဲ့ ကြုံတွေ့ရနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီရဲ့ လုပ်ဆောင်ချက်ဟာ သူတို့ရဲ့ တပ်ဖွဲ့ဝင်တွေကို ကာကွယ်ဖို့နဲ့ ပြည်သူတွေကို ဒုက္ခပေးဖို့ သက်သက် ရည်ရွယ်လုပ်ဆောင်တာ ဖြစ်တယ်လို့ ဒေသခံတွေက ဝေဖန်နေတာ ဖြစ်ပါတယ်။

ပုလောမြို့နယ်အတွင်းမှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ ပျူစောထီးအဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတွေကို ဒေသခံ PDF အဖွဲ့တွေက ရပ်ကွက်ကျေးရွာအတွင်း ဝင်ရောက်တိုက်ခိုက်တာတွေ လုပ်ဆောင်လို့ စစ်ကောင်စီဘက်က သွားလာခွင့်တွေ ကန့်သတ်လာတာ ဖြစ်ပါတယ်။

May 9, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်အစိုးရဲ့ မွန်ပြည်နယ် အစိုးရအဖွဲ့က တရားဝင်သဖွယ် ခွင့်ပြုထားတဲ့...
May 8, 2026
တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ထီးခီးဒေသတဝိုက်အခြေပြုတဲ့ လှုပ်ရှားနေတဲ့ KTLA တပ်ဖွဲ့ဝင် ၃၀...
May 7, 2026
မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် ခန့်အပ်ထားတဲ့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို...
May 6, 2026
မွန်ဒေသအတွင်းရှိ ပြည်သူလူထုတွေအနေနဲ့ ဒေသလိုအပ်ချက်တွေအပါအဝင် ရင်ဆိုင်နေရတဲ့ အခက်အခဲ ပြဿနာတွေကို...