တရုတ်နိုင်ငံက နှာခေါင်းစည်းMaskနှင့် တိုင်းရင်းဆေးဝါးများကို ရခိုင်လူထုအတွက် ANPမှ တဆင့်လှူဒါန်း

တရုတ်နိုင်ငံက နှာခေါင်းစည်းMaskနှင့် တိုင်းရင်းဆေးဝါးများကို ရခိုင်လူထုအတွက် ANPမှ တဆင့်လှူဒါန်း

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ကိုဗစ် ၁၉ ကာကွယ်ရေး နှာခေါင်းစည်း Mask နှင့် တရုတ်တိုင်းရင်းဆေးများကို ရခိုင်ပြည်သူများအတွက် ရခိုင်အမျိုးသား ပါတီ (ANP) က တဆင့် လှူဒါန်းခဲ့သည်ဟု သတင်းရရှိသည်။

၎င်း ပစ္စည်းများကို တရုတ်သံရုံး ကောင်စစ်ဝန် Mr. Lin Tao မှ ANP ခေါင်းဆောင်များကို ရန်ကုန်မြို့ရှိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးတွင် နိုဝင်ဘာ ၁၇ ရက်တွင် လွှဲပြောင်း ပေးအပ်ခဲ့သည်ဟု ANP ပါတီ သတင်းအရ သိရသည်။

တရုတ်နိုင်ငံက လှူဒါန်းခဲ့သော ပစ္စည်းများမှာ mask ၂၀ ဝ,ဝဝ နှင့် တရုတ်တိုင်းရင်း အပူကျဆေး ( Lianhua Qingwen Jiaonang) ကြာပန်း အပူကျဆေးဗူး (၁၆၀၀)၊ ဆေးလုံးရေ (၃၈ ၄,၀၀) တို့ပါဝင်ကြောင်းသိရသည်။

တရုတ်မှ လှူဒါန်းသည့် ကိုဗစ်ကာကွယ်ရေး ပစ္စည်းများကို ANP ပါတီ နိုင်ငံရေးမူဝါဒရေးရာ ဦးဆောင်ကော်မတီဝင် ဦးထွန်းအောင်ကျော် ၊ ပါတီ ဒု ဥက္ကဋ္ဌ ဦးမြင့်နိုင်၊ ရန်ကုန်တိုင်း ANP ဒု ဥက္ကဋ္ဌ (၁) ဦးဗဆွေ နှင့် ရန်ကုန်တိုင်း ANP ဒုဥက္ကဋ္ဌ (၂ ) ဦးစံညွန့် တို့မှတက်ရောက် လက်ခံရယူခဲ့ကြောင်း ANP ပါတီက ထုတ်ပြန်ထားသည်။

ဓာတ်ပုံ- ရခိုင်အမျိုးသားပါတီ (ANP)

August 1, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ရွှေလှေကျေးရွာကို စစ်တပ်က လေကြောင်းမှ...
July 31, 2026
အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင် တစ်ဦးတစ်ယောက်မျှ စစ်တပ်ထံ လက်နက်ချအလင်းဝင်သည့် ဖြစ်စဉ်မျိုး...
July 30, 2026
ရခိုင်-မကွေးရိုးပေါ်မှ တစ်ဆင့် နတ်ရေကန်စစ်မျက်နှာသို့ အင်အားဖြည့်တင်းရန် ရောက်ရှိလာခဲ့သော စစ်ကား...
July 27, 2026
ရခိုင်ပြည်၊ အမ်းမြို့နယ်နှင့် မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်အကြား ရိုးတောင်ကျော်လမ်းပေါ်တွင်...