တရုတ်နိုင်ငံက နှာခေါင်းစည်းMaskနှင့် တိုင်းရင်းဆေးဝါးများကို ရခိုင်လူထုအတွက် ANPမှ တဆင့်လှူဒါန်း

တရုတ်နိုင်ငံက နှာခေါင်းစည်းMaskနှင့် တိုင်းရင်းဆေးဝါးများကို ရခိုင်လူထုအတွက် ANPမှ တဆင့်လှူဒါန်း

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ကိုဗစ် ၁၉ ကာကွယ်ရေး နှာခေါင်းစည်း Mask နှင့် တရုတ်တိုင်းရင်းဆေးများကို ရခိုင်ပြည်သူများအတွက် ရခိုင်အမျိုးသား ပါတီ (ANP) က တဆင့် လှူဒါန်းခဲ့သည်ဟု သတင်းရရှိသည်။

၎င်း ပစ္စည်းများကို တရုတ်သံရုံး ကောင်စစ်ဝန် Mr. Lin Tao မှ ANP ခေါင်းဆောင်များကို ရန်ကုန်မြို့ရှိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးတွင် နိုဝင်ဘာ ၁၇ ရက်တွင် လွှဲပြောင်း ပေးအပ်ခဲ့သည်ဟု ANP ပါတီ သတင်းအရ သိရသည်။

တရုတ်နိုင်ငံက လှူဒါန်းခဲ့သော ပစ္စည်းများမှာ mask ၂၀ ဝ,ဝဝ နှင့် တရုတ်တိုင်းရင်း အပူကျဆေး ( Lianhua Qingwen Jiaonang) ကြာပန်း အပူကျဆေးဗူး (၁၆၀၀)၊ ဆေးလုံးရေ (၃၈ ၄,၀၀) တို့ပါဝင်ကြောင်းသိရသည်။

တရုတ်မှ လှူဒါန်းသည့် ကိုဗစ်ကာကွယ်ရေး ပစ္စည်းများကို ANP ပါတီ နိုင်ငံရေးမူဝါဒရေးရာ ဦးဆောင်ကော်မတီဝင် ဦးထွန်းအောင်ကျော် ၊ ပါတီ ဒု ဥက္ကဋ္ဌ ဦးမြင့်နိုင်၊ ရန်ကုန်တိုင်း ANP ဒု ဥက္ကဋ္ဌ (၁) ဦးဗဆွေ နှင့် ရန်ကုန်တိုင်း ANP ဒုဥက္ကဋ္ဌ (၂ ) ဦးစံညွန့် တို့မှတက်ရောက် လက်ခံရယူခဲ့ကြောင်း ANP ပါတီက ထုတ်ပြန်ထားသည်။

ဓာတ်ပုံ- ရခိုင်အမျိုးသားပါတီ (ANP)

Most read this week

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...