ပညာသင်ကြားရေးခက်ခဲသည့်ကျောင်းသားအတွက် ဘဲငါးရာတောင်တက်ပွဲတွင် ပြုလုပ်သည့်ရန်ပုံငွေရှိုးပွဲ အလွန်စည်ကား

ပညာသင်ကြားရေးခက်ခဲသည့်ကျောင်းသားအတွက် ဘဲငါးရာတောင်တက်ပွဲတွင် ပြုလုပ်သည့်ရန်ပုံငွေရှိုးပွဲ အလွန်စည်ကား

စစ်ရေးပဋိပက္ခများကြောင့် ပညာသင်ကြားရေးခက်ခဲသည့် ရခိုင်မှ ကျောင်းသား ၃၀၀ အတွက် နိုဝင်ဘာ ၁၇ ရက် ညနေပိုင်းက ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုပ်ကျေးရွာအနီးရှိ ဘဲငါးရာတောင်တက်ပွဲတွင် Future Target Education ရန်ပုံငွေ ရှိုးပွဲမှာ အားပေးသူများနှင့် အထူးစည်ကားနေကြောင်း သိရသည်။

အဆိုပါ ရန်ပုံငွေရှိုးပွဲကို ပြုလုပ်သည့် Future Target Education မှာ ကျောက်တော်မြို့နယ် နန်းတက်ကျေးရွာတွင် ဖွင့်လှစ်ထားသော ကျောင်းဖြစ်ဖြစ်ပြီး ကွန်ပျူတာနှင့် အင်္ဂလိပ်စာတို့ကို ကျောင်းသား၊ ကျောင်သူများအား စခန်းသွင်း သင်ကြားပေးနေကြောင်း သိရသည်။

ရန်ပုံငွေ ရှာကျင်းပခြင်းနှင့် ပတ်သက်၍ ကျောင်းတည်ထောင်သူဆရာဦး ဇော်မင်းဦးက "ကျွန်တော်တို့ စစ်ရေး ပဋိပက္ခတွေကြောင့် ပညာရေး အခက်ခဲဖြစ်နေတဲ့ ကိုယ့်လူငယ်တွေအတွက် ဒီကျောင်းကို စလုပ်ခဲ့တာ အပတ်စဉ်လေးခုမြောက်ခဲ့ပါပြီ။ နောက်ထပ်ကျောင်းသားတွေ ထပ်သင်ကြားနိုင်ရေး ကျွန်တော်တို့ ဒီရှိုးပွဲကို ပြုလုပ်တာဖြစ်ပါတယ်။ ဒါ့ပြင် ကျောင်းသားလေးတွေနဲ့ ကွမ်းယာ၊ စားသောက် ဆိုင်လေးတွေဖွင့်ပြီး ရှိုးပွဲက ရတဲ့ ရံပုံငွေလေးနဲ့ နောက်အပတ်စဉ်တွေ ဆက်သင်ကြားဖို့ ကြိုးစား နေကြတာပါ"ဟုပြောသည်။

ရခိုင်ရှိ ယိုးတရုပ်ကျေးရွာအနီးရှိ ဘဲငါးရာတောင်တက်မှာ ထင်ရှားသည့် ပွဲတော် တစ်ခုဖြစ်ပြီး တောင်တက်ရန် လာရောက်ကြသည့် ဧည့်သည် ထောင်နှင့်ချီ၍ လာရောက်ကြကြောင်းသိရသည်။ တောင်တက်ပွဲကို စစ်ပွဲနှင့် ကိုဗစ်ကြောင့် မကျင်းပသည်မှာ ၂ နှစ်ခန့်ရှိနေပြီ ဖြစ်သဖြင့် ယခုနှစ်တွင် ပြန်လည်ကျင်းပရာမှ ပါဝင်ဆင်နွှဲရန် လာရောက်သူများပြားနေကြောင်း သိရသည်။

အဆိုပါရှိုးပွဲတွင် ရုပ်ရှင်နှင့်သရုပ်ဆောင် နေထက်လင်း၊ဘုံးလျှံတို့အပြင် ရခိုင်အဆိုတော်အများအပြား တို့မှ ပါဝင် ဖျော်ဖြေပြီး အနုပညာထူးချွန်သည့် Future Target Education မှကျောင်းသား၊ ကျောင်းသူများပါ ကပြဖျော်ဖြေပေးကြကြောင်းသိရသည်။

ရံပုံငွေရရှိမှုအခြေအနေအား လတ်တလောတွင် မသိရှိမရှိသေးကြောင်း၊ အနုပညာရှင် များကလည်း ငွေကြေးအနည်းငယ်ဖြင့် စေတနာရှေ့ထားကာ ကူညီ လုပ်ဆောင်ပေးကြကြောင်း၊ ကျောင်းသား ကျောင်းသူများကလည်း ကျေးဇူးတင်ကြကြောင်း ဆရာဦးဇော်မင်းဦးကဆက်ပြောသည်။

အဆိုပါကျောင်းကို လွန်ခဲ့သည့် ၂၀၁၉ ခုနစ်ကစတင်ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး အပတ်စဉ်တစ်ခုကို လေးလခန့် သင်ကြားပေးကာ၊ ယခင် ကျောင်းသား ၂၀၀ ခန့်ကို မွေးထုတ်နိုင်ခဲ့ပြီဟု ဆိုသည်။

Most read this week

April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...
April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...
April 8, 2026
မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင်...