လက်နက်ကြီးကြောင့် ကျွဲ၊ နွားများ ထိမှန်သေဆုံးပြီး လူနေအိမ်အချို့ထိခိုက်ပျက်စီး

လက်နက်ကြီးကြောင့် ကျွဲ၊ နွားများ ထိမှန်သေဆုံးပြီး လူနေအိမ်အချို့ထိခိုက်ပျက်စီး

ဗိုလ်လှကြိုင် ဦးဆောင်သည့် နယ်ခြားစောင့်တပ် -BGF ၁၀၁၃ တပ်ရင်းမှ တပ်ဖွဲ့ဝင်များသည် ယနေ့ နိုဝင်ဘာလ ၁၇ရက်တွင် ကေအဲန်ယူ မူတြော်( ဖာပွန်)ခရိုင် ၊ ဒွယ်လိုးမြို့နယ်ရှိ ပိုမာဟဲ နှင့် နို့ဖောထီး ကျေးရွာထဲသို့ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်မှုကြောင့် ကျွဲ၊ နွားများထိမှန်သေဆုံးပြီး လူနေအိမ်အချို့ ထိခိုက်ပျက်စီးမှုများရှိသည်ဟု ဒေသခံများက ပြောသည်။

ယနေ့ နိုဝင်ဘာလ ၁၇ရက်၊ နေ့လည် ၁၂ နာရီနှင့် မွန်းလွဲ ၂နာရီအချိန်ခန့်တွင် လက်နက်ကြီး အချက်ပေါင်းများစွာ ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ထိုသို့ ရမ်းသမ်းပစ်ခတ်မှုကြောင့် ကျွဲ ၄ ကောင်နှင့် နွား တစ်ကောင် ကျည်ထိမှန်သေဆုံးခဲ့ပြီး လူနေအိမ်အချို့လည်း ထိခိုက်ပျက်စီးခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံရွာသားများမှာ မိမိနေအိမ်အတွင်း နေထိုင်မရဲကြတော့ဘဲ ဘေးလွတ်ရာသို့ တိမ်းရှောင်ပုန်းအောင်းခဲ့ကြရကြောင်းလည်း ၎င်းဒေသခံက ဆက်ပြောသည်။

May 9, 2026
“အာဏာပိုင်တွေစစ်ဆေးလာတဲ့အခါ စစ်ဆေးမှုခံယူဖို့လိုအပ်တယ်။ ကျနော်တို့ အထောက်ထားလက်မှတ်တွေကို...
Photo: KIC
May 8, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ဖမ်း...
Photo: KIC
May 7, 2026
သံလွင်မြစ်အတွင်းရှိ ခရုများတွင် အာဆင်းနစ် (Arsenic) ဓာတ်ပါဝင်မှုမှာ ဘေးကင်းစိတ်ချရသည့် စံသတ်မှတ်...
Photo crd: Save the Trees Rescue Team
May 6, 2026
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၃)၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်တွင် မေလ(၃)ရက်နေ့က...