အမျိုးသားများ ဆိုင်ကယ်နောက်က လိုက်မစီးရ၊ မလိုက်နာပါက ပစ်ခတ်ခံရနိုင်

အမျိုးသားများ ဆိုင်ကယ်နောက်က လိုက်မစီးရ၊ မလိုက်နာပါက ပစ်ခတ်ခံရနိုင်

ကရင်နီပြည်နယ် လွိုင်ကော်မြို့နယ်မှာ အမျိုးသားများ ဆိုင်ကယ်နောက်က လိုက်ပါစီးနင်းပါက အမေးအမြန်းမရှိဘဲ ပစ်ခတ်ခံရမယ်လို့ လွိုင်ကော်မြို့ အုပ်ချုပ်ရေးပိုင်းတာဝန်ရှိသူမှ ဒေသန္တရအမိန့်ထုတ်ပြန်လိုက်ပါတယ်။

နိုဝင်ဘာလ ၁၆ ရက်နေ့ နဲ့ ၁၇ ရက်နေ့မှာ ပညာပေးကာလအဖြစ် စစ်ဆေးဆောင်ရွက်သွားမှာဖြစ်ပြီး နောက်ရက်တွေမှာ အမေးအမြန်းမရှိ ပစ်ခတ်ဆောင်ရွက်သွားမယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။ အဲ့ဒီထုတ်ပြန်ချက်ဟာ နိုဝင်ဘာလ ၁၆ ရက်နေ့ရက်စွဲနဲ့ ထုတ်ပြန်ထားပြီး နိုဝင်ဘာ ၁၈ ရက်နေ့မှာ အသက်ဝင်မှာဖြစ်ပါတယ်။

ထုတ်ပြန်ချက်မှာ အများပြည်သူရဲ့ လုံခြုံရေးနှင့်ရပ်ရွာအေးချမ်းသာယာရေးအတွက် လွိုင်ကော်မြို့နယ်အတွင်း ဆိုင်ကယ်တစ်စီးမှာ အမျိုးသားနှစ်ဦးမစီးရ၊ အမျိုးသားနောက်မှာ အမျိုးသားတစ်ဦး လိုက်ပါစီးနင်းခြင်းမပြုရ၊ အမျိုးသားနောက်မှာ အမျိုးသမီးတစ်ဦး လိုက်ပါစီးနင်းနိုင်သည်၊ အမျိုးသမီးနှစ်ဦး စီးနင်းနိုင်တယ်လို့ ဖော်ပြထားပါတယ်။

အမိန့်ထုတ်ပြန်ချက်ကို ဒီကနေ့ နိုဝင်ဘာလ ၁၇ရက်နေ့ နံနက်ပိုင်းအထိ ရပ်ကွက်အတွင်း မြို့တွင်း လိုက်လံအသိပေးကြေညာတာမရှိသေးဘူးလို့ မြို့ပေါ်ရပ်ကွက်နေသူတွေ ပြောပါတယ်။

ကရင်နီပြည်နယ်မှာ မြို့နယ် ၇ မြို့ ရှိတဲ့အနက် လွိုင်ကော်မြို့နယ်အတွင်း စတင်အမိန့်ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

Most read this week

ကရင်နီပြည်တွင်း၌ ရောင်းချနေသည့် စက်သုံးဆီဆိုင်များ။ / Crd
August 18, 2026
ကရင်နီပြည်တွင်းသို့ အနောက်ဘက်ခြမ်း ဝင်ပေါက်များမှတစ်ဆင့် ပြည်တွင်းထွက် ချက်ဆီများ ရောနှောထား...
August 17, 2026
အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များကို အာမခံနိုင်မှု...
ဓာတ်ပုံ - ကရင်နီဒုက္ခသည်စခန်း အမှတ် (၁) ရှိ ဆေးပေးခန်း (ပုံဟောင်း)
August 17, 2026
ထိုင်း-ကရင်နီနယ်စပ်ရှိ ကရင်နီဒုက္ခသည်စခန်း အမှတ် (၁) ၌ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ အဖြစ်...
August 14, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်သည် ဒေါပိုရှေ့ကျေးရွာ၌...