စစ်တွေမြို့ တန်ဆောင်တိုင်ပွဲတော်တွင် စိန်ရွှေရတနာဇာတ်သဘင် ကပြခွင့်မရ

စစ်တွေမြို့ တန်ဆောင်တိုင်ပွဲတော်တွင် စိန်ရွှေရတနာဇာတ်သဘင် ကပြခွင့်မရ

စစ်တွေမြို့ တန်ဆောင်တိုင်ပွဲတော်တွင် စိန်ရွှေရတနာဇာတ်သဘင် တားမြစ်ခံရ၍ ကပြခွင့်မရဟု စိန်ရွှေရတနာဇာတ်သဘင်ပိုင်ရှင်ဒေါ်အေးမြသန်းက နိရဥ္စရာကို ပြောသည်။

“ စစ်တွေ တန်ဆောင်တိုင်မှာ  ဇာတ်မကဖို့ကို  နိုဝင်ဘာ ၁၆ ရက်က စစ်တွေမြို့ရှိတဲ့  စစ်တပ်တစ်ခုက ဖုန်းနဲက ဆက်သွယ်ပြီး အကြောင်းကြားလာပါတယ်။ ဘယ်တပ်ရင်း၊ ဘယ်သူဆိုတာတော့ မသိဘူး။  ကိုဗစ်ကြောင့် လူစုလူဝေး မဖြစ်စေချင်တဲ့ အတွက် ဖြစ်တယ်လို့ ပြောပါတယ်” ဟု ပြောသည်။

 ကပြရန် ဇာတ်စင်ဆောက်ထားပြီးမှ ယခုလိုတားမြစ်ခံရခြင်းကြောင့်  ဆုံးရှုံး နစ်နာမှုများ ရှိသည်ဟု ဇာတ်ပိုင်ရှင် ဒေါ်အေးမြသန်းက ပြောသည်။

“ကျမတို့ကို မနေ့က နေ့ခင်းလောက်ကမှ ဖုန်းဆက်ပြီး မကရတော့ဘူးလို့ပြောတယ်။  ကျမတို့က ကဖို့အတွက် ဇာတ်စင်တွေလည်းဆောက်ပြီးပြီး။ ပွဲကဖို့အတွက်လည်း စရံငွေတွေပေးထားပြီးပြီး။ မကရတော့ ထိခိုက်နစ်နာမှုတွေရှိတယ်”ဟုပြောသည်။

ဘုရားကြီးဂေါပဥက္ကဋ္ဌ ဦးမောင်ဒုတ်အား အဆိုပါကိစ္စနှင့် ပတ်သက်ပြီး နိရဉ္စရာ သတင်းဌာနက ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ ပြည်နယ်က ခွင့်မပြုသဖြင့် ကပြခွင့်မရဟု ပြောဆိုသည်။

“ ပြည်နယ်က ခွင့်မပြုတဲ့အတွက်ပါ” ဟု ပြောဆိုကာ ဖုန်းချသွားခဲ့သည်။

ယခုကဲ့သို့ဇာတ်ပွဲများမပြုလုပ်ခြင်းကြောင်း စျေးသည်များအတွက် အရောင်းအဝယ်များ လျော့ကျ သွားပြီး ဆုံးရှူံးမှုများရှိသည်ဟု ဝင်္ကာပါကွင်းတွင်စျေးရောင်းနေသူတစ်ဦးက ပြောသည်။

“ကျမတို့ ဇာတ်ပွဲကျမယ်ဆိုပြီး ရောင်းမည့်ပစ္စည်းတွေ အများကြီးဝယ်ထားတယ်။ခုကျတော့ လွင့်ပစ်လိုက်ရတော့မယ်အနေထားရှိတယ်။လုံခြုံရေးတွေလည်း အများကြီးချထားတယ်”ဟု ပြောသည်။

 ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးတွင် ဇာတ်သဘင်အဖွဲ့ခေါင်းဆောင်များအားခေါ်ယူ၍ ခွင့်ပြုချက်ရယူရေးအပါအဝင် ကိုဗစ်-၁၉စည်းကမ်းချက်များအားလိုက်နာရေး ဝန်ခံလက်မှတ် ရေးထိုးဆောင်ရွက်သွားရန် နိုဝင်ဘာလ ၅ ရက်နေ့က ပြည်နယ်ကောင်စီ ပုံမှန် ညှိနိူင်းအစည်းအဝေးတွင် ဆုံးဖြတ်ခဲ့သည်ဟု သိရသည်။

Most read this week

April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...
April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...
April 8, 2026
မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင်...