ဘားအံမြို့နယ်မှာ BGF ဘက်က ကားတန်း တိုက်ခိုက်ခံရ

ဘားအံမြို့နယ်မှာ BGF ဘက်က ကားတန်း တိုက်ခိုက်ခံရ

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ကေအဲန်ယူသထုံခရိုင် ကျော်ပစ်ခီးနဲ့ဘောသဗြုကျေးရွာအကြားမှာ နိုဝင်ဘာလ ၁၇ ရက်နေ့ မနက်အစောပိုင်းက BGF ကားတန်း တိုက်ခိုက်ခံရတယ်လို့ သိရပါတယ်။

ယနေ့မနက် ၁ နာရီကျော်ခန့်မှာ ဖလံတောင်ဘက်က ဆင်းလာတဲ့ BGF အဖွဲ့က ကားလေးစီးကို KNLA တပ်မဟာ(၁)၊ တပ်ရင်း(၁)ဘက်က တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ခိုက်ခံရတာကြောင့် BGF ဘက်မှ တပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးမှုရှိပြီး စာရင်းအတိအကျကိုတော့ အတည်မပြုနိုင်သေးဘူးလို့ KNLA တပ်မဟာ(၁)ထံက သိရပါတယ်။

"မနက် ၁ နာရီကျော်လောက်မှာ ပစ်ခတ်မှုဖြစ်တယ်။ ညဘက်လဲဖြစ်တော့ သူတို့ဘက်က ထိခိုက်သေဆုံးသူကို အတိအကျ စာရင်းမလုပ်နိုင်သေးဘူး။ တပ်ရင်း (၁)ဘက်တော့ ထိခိုက်တာမရှိဘူး။ ခုဖြစ်တာက ဖလံတောင်မှာ အခြေချထားတဲ့ BGF အဖွဲ့က ပြန်ဆင်းလာတဲ့ ကားတွေလို့ သိရတယ်။ လမ်းကနေဖြတ်တိုက်တာပါ။ ''လို့ KNLA တပ်မဟာ(၁)မှ တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အဆိုပါ တိုက်ပွဲကြောင့် ဒေသခံတွေမှာ စိုးရိမ်ကြောက်လန့်နေပြီး အပြင်ထွက်သွားလာဖို့ မရဲဖြစ်နေကြတယ်လို့ သိရပါတယ်။

ဖလံတောင်ကျေးရွာမှာ ကျန်ရှိနေတဲ့ စစ်ကောင်စီနဲ့ BGF အဖွဲ့တွေက နယ်မြေလှုပ်ရှားတွေ လုပ်နေတယ်လို့ သိရပါတယ်။

နိုဝင်ဘာလ ၁၅ ရက်နေ့က ဖလံတောင်ကျေးရွာနဲ့နို့အောလာကျေးရွာအကြား မဲသနချောင်းမှာ KNLA တပ်မ(၁)ဘက်နဲ့BGF အဖွဲ့တွေ တိုက်ပွဲဖြစ်ပြီး BGF ဘက်က ၂ ဦးသေဆုံးကာ ၃ ဦးဒဏ်ရာရရှိသွားသေးတယ်လို့ သိရပါတယ်။

May 9, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်အစိုးရဲ့ မွန်ပြည်နယ် အစိုးရအဖွဲ့က တရားဝင်သဖွယ် ခွင့်ပြုထားတဲ့...
May 8, 2026
တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ထီးခီးဒေသတဝိုက်အခြေပြုတဲ့ လှုပ်ရှားနေတဲ့ KTLA တပ်ဖွဲ့ဝင် ၃၀...
May 7, 2026
မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် ခန့်အပ်ထားတဲ့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို...
May 6, 2026
မွန်ဒေသအတွင်းရှိ ပြည်သူလူထုတွေအနေနဲ့ ဒေသလိုအပ်ချက်တွေအပါအဝင် ရင်ဆိုင်နေရတဲ့ အခက်အခဲ ပြဿနာတွေကို...