ကရင်နီပြည်နယ်မှာ ၇ လအတွင်း တိုက်ပွဲ ၁၀၉ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၄၅၀ ဦး သေဆုံး

ကရင်နီပြည်နယ်မှာ ၇ လအတွင်း တိုက်ပွဲ ၁၀၉ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၄၅၀ ဦး သေဆုံး

ကရင်နီပြည်နယ်မှာ မေလကနေစပြီး နိုဝင်ဘာလ ၁၅ ရက်နေ့အထိ တိုက်ပွဲပေါင်း ၁၀၉ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၄၅၀ ဦး သေဆုံးတယ်လို့ တိုးတက်သောကရင်နီပြည်သူ့ အင်အားစု ( PKPF ) က ဒီကနေ့ နိုဝင်ဘာလ ၁၆ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

တိုက်ပွဲအတွင်းမှာ ကရင်နီအမျိုးသား ကာကွယ်ရေးတပ် ( KNDF ) ၊ ကရင်နီတပ်မတော် ( KA )၊ နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေဘက်ကလည်း ၃၂ ဦး ကျဆုံး ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒေသခံပြည်သူ ၁၀၂ ဦး သေဆုံးခဲ့ပြီး ၁၇၄ ဦး ဖမ်းဆီးခံနေရပါတယ်။ လူနေအိမ် ၄၂၁ လုံး ပျက်စီးသွားပြီး စစ်ကောင်စီကား ၁၉ စီး ပျက်စီးသွားတယ်လို့ သိရပါတယ်။

ကရင်နီပြည်နယ်မှာ အာဏာသိမ်းပြီးနောက်ပိုင်း KNDF ၊ KA ၊ PDF ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတို့ ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် ဒေသခံ တစ်သိန်းသုံးသောင်းဝန်းကျင် စစ်ဘေးရှောင်နေရပါတယ်။

Most read this week

December 23, 2025
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စစ်ကော်မရှင်ကနေ ပြုလုပ်မဲ့ တရားမဝင်/အတုအယောင် ရွေးကောက်ပွဲဟာ...
December 19, 2025
ကရင်နီပြည်သူလူထု၊ တပ်ပေါင်းစုံတပ်ဖွဲ့ဝင်တွေ၊ ကရင်နီလူမှု အဖွဲ့အစည်းတွေကို ဒီဇင်ဘာလ (၁၉)...
December 16, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ ကျေးရွာတရွာအနီးမှာ စပါးသိမ်းယူနေတဲ့ စစ်ဘေးရှောင်တွေကို...