ကရင်နီပြည်နယ်မှာ ၇ လအတွင်း တိုက်ပွဲ ၁၀၉ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၄၅၀ ဦး သေဆုံး

ကရင်နီပြည်နယ်မှာ ၇ လအတွင်း တိုက်ပွဲ ၁၀၉ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၄၅၀ ဦး သေဆုံး

ကရင်နီပြည်နယ်မှာ မေလကနေစပြီး နိုဝင်ဘာလ ၁၅ ရက်နေ့အထိ တိုက်ပွဲပေါင်း ၁၀၉ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၄၅၀ ဦး သေဆုံးတယ်လို့ တိုးတက်သောကရင်နီပြည်သူ့ အင်အားစု ( PKPF ) က ဒီကနေ့ နိုဝင်ဘာလ ၁၆ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

တိုက်ပွဲအတွင်းမှာ ကရင်နီအမျိုးသား ကာကွယ်ရေးတပ် ( KNDF ) ၊ ကရင်နီတပ်မတော် ( KA )၊ နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေဘက်ကလည်း ၃၂ ဦး ကျဆုံး ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒေသခံပြည်သူ ၁၀၂ ဦး သေဆုံးခဲ့ပြီး ၁၇၄ ဦး ဖမ်းဆီးခံနေရပါတယ်။ လူနေအိမ် ၄၂၁ လုံး ပျက်စီးသွားပြီး စစ်ကောင်စီကား ၁၉ စီး ပျက်စီးသွားတယ်လို့ သိရပါတယ်။

ကရင်နီပြည်နယ်မှာ အာဏာသိမ်းပြီးနောက်ပိုင်း KNDF ၊ KA ၊ PDF ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတို့ ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် ဒေသခံ တစ်သိန်းသုံးသောင်းဝန်းကျင် စစ်ဘေးရှောင်နေရပါတယ်။

Most read this week

ကရင်နီပြည်တွင်း၌ ရောင်းချနေသည့် စက်သုံးဆီဆိုင်များ။ / Crd
August 18, 2026
ကရင်နီပြည်တွင်းသို့ အနောက်ဘက်ခြမ်း ဝင်ပေါက်များမှတစ်ဆင့် ပြည်တွင်းထွက် ချက်ဆီများ ရောနှောထား...
August 17, 2026
အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များကို အာမခံနိုင်မှု...
ဓာတ်ပုံ - ကရင်နီဒုက္ခသည်စခန်း အမှတ် (၁) ရှိ ဆေးပေးခန်း (ပုံဟောင်း)
August 17, 2026
ထိုင်း-ကရင်နီနယ်စပ်ရှိ ကရင်နီဒုက္ခသည်စခန်း အမှတ် (၁) ၌ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ အဖြစ်...
August 14, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်သည် ဒေါပိုရှေ့ကျေးရွာ၌...