ပြည်သူ့ညီလာခံကို ဒီဇင်ဘာလအတွင်း ပြုလုပ်ရန် NUCC လျာထား

ပြည်သူ့ညီလာခံကို ဒီဇင်ဘာလအတွင်း ပြုလုပ်ရန် NUCC လျာထား

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ၏ လုပ်ငန်းစဉ်များထဲမှ အဓိကလုပ်ငန်းစဉ်တစ်ခုဖြစ်တဲ့ ပြည်သူ့ညီလာခံကို လာမည့် ဒီဇင်ဘာလအတွင်း ပြုလုပ်ရန် လျာထားတယ်လို့ NUCC က ဒီကနေ့မှာ ကျင်းပပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

ညီလာခံမတိုင်ခင်မှာတော့ NUCC ထဲမှာ မပါဝင်သေးတဲ့ အစုအဖွဲ့တွေကို ပါဝင်လာစေဖို့ ထပ်မံစည်းရုံးသွားမယ်လို့ NUCC အဖွဲ့ဝင် ဦးမိုးသူက ပြောပါတယ်။

ပြည်သူ့ညီလာခံမှာတော့ လုပ်ငန်းစဉ် (၃)ရပ်ကို အကောင်အထည်ဖော်သွားမှာဖြစ်ပြီး မပါဝင်သေးတဲ့ အစုအဖွဲ့တွေကို စည်းရုံးရေး၊ ကြားကာလဖွဲ့စည်းပုံချာတာကို ပြင်ဆင်ဆွေးနွေးအတည်ပြုရေးနဲ့ အများထံအတည်ပြုထုတ်ပြန်သွားရေးကို လုပ်ဆောင်သွားမှာဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရကိုလည်း ထပ်မံအတည်ပြုသွားမယ်လို့ သိရပါတယ်။

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီအနေနဲ့ ပြည်သူ့ညီလာခံကို ခြောက်လတကြိမ်ကျင်းပမှာ ဖြစ်ပြီး အင်အားစုအသီးသီးနဲ့ ကျယ်ကျယ်ပြန့်ပြန့်ထိတွေ့ဆက်ဆံသွားမှာဖြစ်ကာ ညီလာခံ၏ မူဝါဒနဲ့ လုပ်ငန်းစဉ်တွေကိုတော့ NUCC က ဦးဆောင်ကြီးကြပ်ကာ တာဝန်ခံသွားမယ်လို့ ပြောပါတယ်။

ပြည်သူ့ညီလာခံမှာ အစုအဖွဲ့တွေအနေနဲ့ပါဝင်နိုင်မယ့် လုပ်ငန်းလမ်းညွှန်ကို မကြာခင်မှာ ထုတ်ပြန်သွားမယ်လို့ NUCC အဖွဲ့ဝင် ကိုခန့်ဝေဖြိုးက ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီကို အစုအဖွဲ့ (၂၈)ဖွဲ့နဲ့ စုစည်းထားတာဖြစ်ပြီး ယင်းအစုအဖွဲ့ထဲမှာ တိုင်းရင်းသားလက်နက်ကိုင် (၈)ဖွဲ့ပါတယ်လို့ သိရပါတယ်။

July 31, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်အသွင်းပြောင်း အစိုးရ၏ ရက် ၁၀၀ စီမံချက်...
July 30, 2026
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) သည် အာရက္ခတပ်တော် (AA) အပါအဝင်...
July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...