ရက္ခိုင့်တပ်တော်(AA)က စစ်သုံ့ပန့် ၁၅ ဦးကို လွှဲပြောင်းပေး

ရက္ခိုင့်တပ်တော်(AA)က စစ်သုံ့ပန့် ၁၅ ဦးကို လွှဲပြောင်းပေး

ရက္ခိုင့်တပ်တော် (AA)မှ စစ်သားနှင့် ရဲသား စစ်သုံ့ပန်း ၁၅ ဦးကို ယနေ့နိုဝင်ဘာ ၁၅ ရက်နေ့တွင် မြန်မာတပ်မတော်သို့ လွှဲပြောင်းပေးအပ်ခဲ့သည်ဟု Arakan Info Desk  တွင် သတင်းဖော်ပြသည်။

၎င်းတို့ ၁၅ ဦးကို ရခိုင်ပြည်၊ပုဏ္ဏားကျွန်းမြို့နယ်၊တောင်ပေါက်ရွာနှင့် ဒီပါရုံကျေးရွာကြား၊ ကျောက်ကွင်း နေရာအနီး၌ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ(၁၅) ရက်၊ ညနေ(၇) နာရီ (၃၀) မိနစ်အချိန်တွင် ဆေးဗိုလ်ကြီး ရဲလင်းစိုး အပါအဝင် စစ်သား+ရဲသား သုံ့ပန်းစုစုပေါင်း(၁၅) ဦးအား မြန်မာ့တပ်မတော်ဖက်မှ ဗိုလ်မှူး ဇေခိုင်ဟိန်းထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်ဟု ဖော်ပြထားသည်။

ယခုကဲ့သို့ လွှတ်ပေးရခြင်းမှာ အချက် (၃) ချက်ကြောင့်ဟု ဖော်ပြထားသည်။ ၎င်းတို့မှာ

(၁) နှစ်ရှည်လများ သုံ့ပန်းအဖြစ် ဖမ်းဆီးအထိန်းသိမ်းခံနေရသော သူများ၊ကျန်းမာရေးအခြေအနေ ဆိုးဝါးသော သုံ့ပန်းများထဲမှ ဆေးဝါးကုသရန်အရေးတကြီး လိုအပ်သောနေသောသူများကို လူသားချင်းစာနာထောက်ထားမှုအရသော်လည်းကောင်း၊

(၂) သုံ့ပန်းများကိုထိန်းသိမ်းထားသောနေရာပတ်ဝန်းကျင်၌ကိုရိုနာကူးစက်ရောဂါ ကူးစက်မှု ဖြစ်ပွားလာပါက ရောဂါပြင်းထန်သောသုံ့ပန်းများအား ဆေးဝါးကုသရန် ခက်ခဲနေမည်ကို စိုးရိမ်မိသောကြောင့်လည်းကောင်း၊

(၃) မတရားဖမ်းဆီးခံထားရသောရခိုင်ဒေသအတွင်းနေ ပြည်သူလူထုများအားလုံး နှင့် မြန်မာအစိုးရ အကျဉ်းထောင်များထဲရှိ မိမိတို့ ULA/AA တပ်ဖွဲ့ဝင်များ ပြန်လည်လွတ်မြောက်ရေးကို လိုလားသောကြောင့်လည်းကောင်း ယခုကဲ့သို့လွှတ်ပေးရခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

August 1, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ရွှေလှေကျေးရွာကို စစ်တပ်က လေကြောင်းမှ...
July 31, 2026
အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင် တစ်ဦးတစ်ယောက်မျှ စစ်တပ်ထံ လက်နက်ချအလင်းဝင်သည့် ဖြစ်စဉ်မျိုး...
July 30, 2026
ရခိုင်-မကွေးရိုးပေါ်မှ တစ်ဆင့် နတ်ရေကန်စစ်မျက်နှာသို့ အင်အားဖြည့်တင်းရန် ရောက်ရှိလာခဲ့သော စစ်ကား...
July 27, 2026
ရခိုင်ပြည်၊ အမ်းမြို့နယ်နှင့် မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်အကြား ရိုးတောင်ကျော်လမ်းပေါ်တွင်...