USDP ကိုယ်စားလှယ်လောင်းတစ်ဦး ပစ်သတ်ခံရပြီးနောက်ပိုင်း ဇုတ်သုတ်ကျေးရွာဒေသခံ ၁၂ ဦးထက်မနည်း ဖမ်းဆီးခံရ

USDP ကိုယ်စားလှယ်လောင်းတစ်ဦး ပစ်သတ်ခံရပြီးနောက်ပိုင်း ဇုတ်သုတ်ကျေးရွာဒေသခံ ၁၂ ဦးထက်မနည်း ဖမ်းဆီးခံရ

ဘီးလင်းမြို့နယ်၊ ဇုတ်သုတ်ကျေးရွာမှာ USDP ကိုယ်စားလှယ်လောင်း ဆန်းထွန်းဦး ပစ်သတ်ခံရပြီးနောက်ပိုင်း ဒေသခံ ၁၂ ဦးထက်မနည်း ဖမ်းဆီးခံထားရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဖမ်းဆီးခံရသူတွေထဲမှာ ဇုတ်သုတ်ကျေးရွာက အမျိုးသမီးတစ်ဦးအပါအဝင် အနီးအနားကျေးရွာနဲ့ဘီးလင်းမြို့ပေါ်က ဒေသခံတွေ ပါဝင်တယ်လို့ သိရပါတယ်။

"ဆန်းထွန်းဦး အသတ်ခံရပြီးနောက်ပိုင်း စကစ အဖွဲ့တွေ သူတို့မသင်္ကာတဲ့သူတွေကို လိုက်ဖမ်းတာရှိတယ်။ ဇုတ်သုတ်က အမျိုးသမီးတစ်ဦးအဖမ်းခံရတယ်။ နောက်ပြီး အခြားသူတွေလည်း ဖမ်းခံရတယ်။ ဇုတ်သုတ်က တစ်ယောက်ကတော့ ပြန်လွှတ်ပေးလိုက်ပြီး။ ကျန်သူတွေအခြေနေတော့မသိရသေးဘူး။ ခုဆို ညဘက်တွေမှာဆိုလဲ ရွာတွေဘက်ကို စစ်ကားတွေပတ်နေတယ်''လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

နိုဝင်ဘာလ ၉ ရက်နေ့ည ၇ နာရီကျော်ခန့်က ဇုတ်သုတ်ကျေးရွာရှိ တိုက်နယ်ဆေးရုံရှေ့မှာ ဦးဆန်းထွန်းဦးအပါအဝင် လူအချို့ ထိုင်စကားပြောနေစဉ် ဆိုင်ကယ်ဖြင့်လာသူ အမည်မသိ အမျိုးသား ၂ ဦးက သေနတ်နဲ့ပစ်သွားခဲ့တယ်လို့ သိရပါတယ်။

သေနတ်နဲ့ပစ်ခတ်ခံရတာကြောင့် ဦးဆန်းထွန်းဦးမှာ ဒဏ်ရာများရရှိခဲ့ပြီး ဘီးလင်းဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

ဦးဆန်းထွန်းဦးဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ ဘီးလင်းမြို့နယ်၊ ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကနေ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ တစ်ဦးဖြစ်ပြီး ရွေးကောက်ပွဲမှာတော့ အနိုင်မရခဲ့ပါဘူး။

May 9, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်အစိုးရဲ့ မွန်ပြည်နယ် အစိုးရအဖွဲ့က တရားဝင်သဖွယ် ခွင့်ပြုထားတဲ့...
May 8, 2026
တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ထီးခီးဒေသတဝိုက်အခြေပြုတဲ့ လှုပ်ရှားနေတဲ့ KTLA တပ်ဖွဲ့ဝင် ၃၀...
May 7, 2026
မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် ခန့်အပ်ထားတဲ့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို...
May 6, 2026
မွန်ဒေသအတွင်းရှိ ပြည်သူလူထုတွေအနေနဲ့ ဒေသလိုအပ်ချက်တွေအပါအဝင် ရင်ဆိုင်နေရတဲ့ အခက်အခဲ ပြဿနာတွေကို...