USDP ကိုယ်စားလှယ်လောင်းတစ်ဦး ပစ်သတ်ခံရပြီးနောက်ပိုင်း ဇုတ်သုတ်ကျေးရွာဒေသခံ ၁၂ ဦးထက်မနည်း ဖမ်းဆီးခံရ

USDP ကိုယ်စားလှယ်လောင်းတစ်ဦး ပစ်သတ်ခံရပြီးနောက်ပိုင်း ဇုတ်သုတ်ကျေးရွာဒေသခံ ၁၂ ဦးထက်မနည်း ဖမ်းဆီးခံရ

ဘီးလင်းမြို့နယ်၊ ဇုတ်သုတ်ကျေးရွာမှာ USDP ကိုယ်စားလှယ်လောင်း ဆန်းထွန်းဦး ပစ်သတ်ခံရပြီးနောက်ပိုင်း ဒေသခံ ၁၂ ဦးထက်မနည်း ဖမ်းဆီးခံထားရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဖမ်းဆီးခံရသူတွေထဲမှာ ဇုတ်သုတ်ကျေးရွာက အမျိုးသမီးတစ်ဦးအပါအဝင် အနီးအနားကျေးရွာနဲ့ဘီးလင်းမြို့ပေါ်က ဒေသခံတွေ ပါဝင်တယ်လို့ သိရပါတယ်။

"ဆန်းထွန်းဦး အသတ်ခံရပြီးနောက်ပိုင်း စကစ အဖွဲ့တွေ သူတို့မသင်္ကာတဲ့သူတွေကို လိုက်ဖမ်းတာရှိတယ်။ ဇုတ်သုတ်က အမျိုးသမီးတစ်ဦးအဖမ်းခံရတယ်။ နောက်ပြီး အခြားသူတွေလည်း ဖမ်းခံရတယ်။ ဇုတ်သုတ်က တစ်ယောက်ကတော့ ပြန်လွှတ်ပေးလိုက်ပြီး။ ကျန်သူတွေအခြေနေတော့မသိရသေးဘူး။ ခုဆို ညဘက်တွေမှာဆိုလဲ ရွာတွေဘက်ကို စစ်ကားတွေပတ်နေတယ်''လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

နိုဝင်ဘာလ ၉ ရက်နေ့ည ၇ နာရီကျော်ခန့်က ဇုတ်သုတ်ကျေးရွာရှိ တိုက်နယ်ဆေးရုံရှေ့မှာ ဦးဆန်းထွန်းဦးအပါအဝင် လူအချို့ ထိုင်စကားပြောနေစဉ် ဆိုင်ကယ်ဖြင့်လာသူ အမည်မသိ အမျိုးသား ၂ ဦးက သေနတ်နဲ့ပစ်သွားခဲ့တယ်လို့ သိရပါတယ်။

သေနတ်နဲ့ပစ်ခတ်ခံရတာကြောင့် ဦးဆန်းထွန်းဦးမှာ ဒဏ်ရာများရရှိခဲ့ပြီး ဘီးလင်းဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

ဦးဆန်းထွန်းဦးဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ ဘီးလင်းမြို့နယ်၊ ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကနေ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ တစ်ဦးဖြစ်ပြီး ရွေးကောက်ပွဲမှာတော့ အနိုင်မရခဲ့ပါဘူး။

Most read this week

December 23, 2025
လူထုရဲ့ အခက်အခဲအကျပ်အတည်းတွေကို လွှတ်တော်ထဲ တင်ပြပေးမယ့် ကိုယ်စားလှယ်တွေဟာ...
Photo credit - social media
December 22, 2025
ရွှေ့ပြောင်းမြန်မာပြည်သူတွေဟာ အနာဂတ်အခြေအနေဆိုင်ရာ စိုးရိမ်မှုနဲ့ မျှော်လင့်မှုတွေမှာ...
Photo credit - CJ
December 20, 2025
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဒေသတွင်းမှာ...
December 19, 2025
မွန်ပြည်နယ်တောင်ပိုင်းက စစ်ရေးလှုပ်ရှားမှု အများဆုံးဒေသဖြစ်တဲ့ ရေးမြို့နယ်မှာ စစ်ကော်မရှင်က...