ထားဝယ်က အမျိုးသမီး မှုခင်းသတင်းထောက် သေနတ်နဲ့ ပစ်သတ်ခံရ

ထားဝယ်က အမျိုးသမီး မှုခင်းသတင်းထောက် သေနတ်နဲ့ ပစ်သတ်ခံရ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ဆန်းချီရပ်ကွက်၊ ပုံကျွန်းရပ်မှာ နိုဝင်ဘာလ ၁၂ ရက်နေ့ နေ့လည်ပိုင်းက အမျိုးသမီးမှုခင်းသတင်းထောက် တစ်ဦး သေနတ်နဲ့ပစ်သတ်ခံရတယ်လို့ သိရပါတယ်။

သေဆုံးသူမှာ ပုံကျွန်းရပ်နေ ဒေါ်ဇာခြည်ဦး ၄၅ နှစ်ဆိုသူဖြစ်ပြီး စစ်ကောင်စီသတင်းပေး တစ်ဦးဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ယနေ့ နေ့လည် ၁၂ နာရီခန့်မှာ ဒေါ်ဇာခြည်ဦး ဟာ ပုံကျွန်းရပ်ရှိ လက်ဖက်ရည်ဆိုင်တစ်ခုမှာ ရှိနေချိန်မှာ ဆိုင်ကယ်နဲ့လာတဲ့ အမည်မသိ အမျိုးသား ၂ ဦးက သေနတ်နဲ့ပစ်ခတ်သွားတယ်လို့ သိရပါတယ်။

သေနတ်နဲ့ပစ်ခတ်ခံရတာကြောင့် ဒေါ်ဇာခြည်ဦးမှာ ရရှိသေနတ်ဒဏ်ရာတွေနဲ့ သေဆုံးသွားတယ်လို့ သိရပါတယ်။

"သူက မှုခင်းသတင်းထောက်လဲ လုပ်တယ်လို့ သိရတယ်။ ခုတော့ လုပ်မလုပ် မသိရဘူး။ ဒီနေ့လည်မှာ သေနတ်နဲ့ပစ်ခံရပြီး သေသွားတယ်လို့ သိရတယ်''လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

ဒေါ်ဇာခြည်ဦး သေနတ်နဲ့ပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရောက်ရှိလာပြီး လမ်းသွားလမ်းလာတွေနဲ့အနီးအနားက ပြည်သူတွေကို စစ်ဆေးမှုတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။

ဒေါ်ဇာခြည်ဦးကို ပိုကျွန်းရပ်အတွင်း သေနတ်နဲ့ ဦးခေါင်း၊ခန္ဓာကိုယ်တို့ကို ၉ ချက်တိတိ ပစ်ခတ်ရှင်းလင်းသုတ်သင်လိုက်တယ်လို့ ထားဝယ်ပြောက်ကျားတပ်ဖွဲ့(Guerilla Dawei)က ထုတ်ပြန်ထားပါတယ်။

May 9, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်အစိုးရဲ့ မွန်ပြည်နယ် အစိုးရအဖွဲ့က တရားဝင်သဖွယ် ခွင့်ပြုထားတဲ့...
May 8, 2026
တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ထီးခီးဒေသတဝိုက်အခြေပြုတဲ့ လှုပ်ရှားနေတဲ့ KTLA တပ်ဖွဲ့ဝင် ၃၀...
May 7, 2026
မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် ခန့်အပ်ထားတဲ့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို...
May 6, 2026
မွန်ဒေသအတွင်းရှိ ပြည်သူလူထုတွေအနေနဲ့ ဒေသလိုအပ်ချက်တွေအပါအဝင် ရင်ဆိုင်နေရတဲ့ အခက်အခဲ ပြဿနာတွေကို...