မွန်ပြည်နယ် ရော်ဘာဈေးနှုန်း တဖြည်းဖြည်း ပြန်လည် ကျဆင်းလာ

မွန်ပြည်နယ် ရော်ဘာဈေးနှုန်း တဖြည်းဖြည်း ပြန်လည် ကျဆင်းလာ

မွန်ပြည်နယ်မှာတော့ အဖွင့်ရာသီမှာ ဈေးကောင်းခဲ့တဲ့ ရော်ဘာဈေးဟာ နိုဝင်ဘာပထမအပတ်ကစပြီး တဖြည်းဖြည်း ပြန်လည် ကျဆင်းလာတယ်လို့ ရော်ဘာရောင်းဝယ်ရေး လုပ်ငန်းရှင်တွေက ပြောပါတယ်။

ရော်ဘာဈေးဟာ ကမ္ဘာ့ရော်ဘာဈေး ကျဆင်းလာတာ၊ ငွေကြေး မူဝါဒနဲ့ စစ်ကောင်စီရဲ့ ဘဏ်ဝန်ဆောင်မှု ကန့်သတ်ချက်တွေကြောင့် ငွေကြေးမလည်ပတ်နိုင်လို့ ဈေးနှုန်းကျဆင်းလာတာ ဖြစ်ပါတယ်။

အခုလို ဈေးနှုန်းကျဆင်းနေပေမယ့် ရော်ဘာစေးထွက်အား ကောင်းနေတာကြောင့် အခြေအနေ မဆိုးသေးဘူးလို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။

“ ခြံရှင်တွေအနေနဲ့က ရာသီအစမှာ အစေးထွက်အား ကောင်းပြီးတော့ ဈေးကောင်းရခဲ့တော့ ဒီအခြေအနေက မဆိုးသေးဘူး။ ဒါပေမယ့် ခြစ်ရက်ရှည်လာရင် အစေးထွက်အား ကျပြီးတော့ ဈေးနှုန်းပါ ကျလာရင်တော့ အဆင်မပြေတော့ဘူး” လို့ ဆိုပါတယ်။

ရော်ဘာဈေးနှုန်းဟာ အဖွင့်ရာသီက RSS3 တစ်ပေါင်ကို ကျပ် ၁၂၀၀ ကျော် ရရှိခဲ့ပြီး အခုကာလမှာတော့ တစ်ပေါင်ကို ကျပ် ၉၄၀ လောက်ထိ ဈေးနှုန်းကျဆင်းလာတာ ဖြစ်ပါတယ်။

တဖက်မှာတော့ ရော်ဘာလုပ်ငန်းရှင်တွေဟာ ရော်ဘာဈေးနှုန်းတွေ ကျဆင်းနေပေမယ့် သွင်းအားစုကုန်ပစ္စည်းတွေ ဖြစ်တဲ့ အက်စစ်နဲ့ ဓာတ်မြေသြဇာဈေးနှုန်း ကြီးမြင့်မှုကြောင့် အကျိုးအမြတ် နည်းပါးတဲ့ ပြသနာတွေကို ရင်ဆိုင်နေရပါတယ်။

မွန်ပြည်နယ်မှာတော့ ရော်ဘာစိုက်ဧက ၅ သိန်းနီးပါး ရှိနေတာ ဖြစ်ပြီး နှစ်စဉ် ရော်ဘာ တန်ချိန် ၁ သိန်းကျော် ထွက်ရှိနေ ပါတယ်။

ထွက်ရှိလာတဲ့ရော်ဘာတွေကိုတော့ တရုတ်နဲ့ ထိုင်းနိုင်ငံကို အဓိက တင်ပို့ရောင်းချနေတာ ဖြစ်ပါတယ်။

July 31, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်အသွင်းပြောင်း အစိုးရ၏ ရက် ၁၀၀ စီမံချက်...
July 30, 2026
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) သည် အာရက္ခတပ်တော် (AA) အပါအဝင်...
July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...