တနင်္သာရီဝန်ကြီးချုပ် ဦးမြင့်မောင်ကို အလုပ်နဲ့ ထောင်ဒဏ် ၁၁ နှစ် အမိန့်ချမှတ်

တနင်္သာရီဝန်ကြီးချုပ် ဦးမြင့်မောင်ကို အလုပ်နဲ့ ထောင်ဒဏ် ၁၁ နှစ် အမိန့်ချမှတ်

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်မောင်ကို ထားဝယ်အကျဉ်းထောင် အထူးတရားရုံးမှ နိုဝင်ဘာလ ၁၁ ရက်နေ့မှာ အလုပ်နဲ့ထောင်ဒဏ် ၁၁ နှစ် ကျခံရန်အမိန့်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။

ဦးမြင့်မောင်ကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(ခ)၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ-၂၅၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၄၀၉ တို့နဲ့ တရားစွဲဆိုခံထားရတာဖြစ်ပါတယ်။

ယနေ့မှာ တရားစွဲဆိုခံထားရတဲ့ ပုဒ်မတွေနဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင်ကို အမိန်ချမှတ်ခဲ့ရာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(ခ)နဲ့ ထောင်ဒဏ် ၂ နှစ်၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ-၂၅နဲ့ ထောင်ဒဏ် ၂ နှစ်၊ ပြည်သူ့ဝန်ထမ်းက ရာဇဝတ်မှုမကင်းသော ယုံကြည်အပ်နှံဖောက်ဖျက်မှု ရာဇသတ်ကြီးဥပဒေပုဒ်မ ၄၀၉နဲ့ ထောင်ဒဏ် ၇ နှစ် စုစုပေါင်း ထောင်ဒဏ် ၁၁ နှစ် အမိန့်ချခံရတာဖြစ်ပါတယ်။

"ဟုတ်ပါတယ် အမိန့်ချခံရတာက။ အမှု ၃ ခုနဲ့ စုစုပေါင်း ထောင် ၁၁ နှစ် အမိန်ချခံရတာပါ။ အယူခံတက် မတက်ဆိုတာတော့ ဝန်ကြီးချုပ် မိသားစုနဲ့အဆက်သွယ်မရသေးတော့ သေချာမပြောနိုင်သေးဘူး''လို့ ဦးမြင့်မောင်နဲ့ နီးစပ်သူတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

ဖေဖေါ်ဝါရီလ ၁ ရက်နေ့ စစ်ကောင်စီ အာဏာသိမ်းပြီး နံနက်ပိုင်းမှာ ဝန်ကြီးချုပ်ဦးမြင့်မောင်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးပြီး ရက်အနည်းငယ်အကြာမှာ နေအိမ်အကျယ်ချုပ် ထားရှိခဲ့ပါတယ်။

၎င်းနောက်ပိုင်း ဖေဖေါ်ဝါရီလ ၁၀ ရက်နေ့ ပြန်လည်ဖမ်းဆီးခေါ်ဆောင်ခံရပြီး ထားဝယ်ရဲစခန်းမှာ အမှုဖွင့်ခံရတာဖြစ်ပါတယ်။

Most read this week

December 23, 2025
လူထုရဲ့ အခက်အခဲအကျပ်အတည်းတွေကို လွှတ်တော်ထဲ တင်ပြပေးမယ့် ကိုယ်စားလှယ်တွေဟာ...
Photo credit - social media
December 22, 2025
ရွှေ့ပြောင်းမြန်မာပြည်သူတွေဟာ အနာဂတ်အခြေအနေဆိုင်ရာ စိုးရိမ်မှုနဲ့ မျှော်လင့်မှုတွေမှာ...
Photo credit - CJ
December 20, 2025
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဒေသတွင်းမှာ...
December 19, 2025
မွန်ပြည်နယ်တောင်ပိုင်းက စစ်ရေးလှုပ်ရှားမှု အများဆုံးဒေသဖြစ်တဲ့ ရေးမြို့နယ်မှာ စစ်ကော်မရှင်က...