စစ်ကောင်စီတပ် နယ်မြေရှင်းလင်းရာမှာ ဒေသခံအမျိုးသမီးတစ်ဦးကို ပစ်သတ်ခဲ့တယ်လို့ KNU ထုတ်ပြန်

စစ်ကောင်စီတပ် နယ်မြေရှင်းလင်းရာမှာ ဒေသခံအမျိုးသမီးတစ်ဦးကို ပစ်သတ်ခဲ့တယ်လို့ KNU ထုတ်ပြန်

ကေအဲန်ယူ - ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၄ ထိန်းချုပ်နယ်မြေမှာ စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့တွေ နယ်မြေရှင်းလင်းရာမှာ ဒေသခံအမျိုးသမီးတစ်ဦးကို ပစ်သတ်ခဲ့တယ်လို့ KNU ဗဟို ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒီကနေ့ နံနက်စောပိုင်းမှာ စစ်ကောင်စီရဲ့ ခလရ ၂၈၅ တပ်ဖွဲ့ဝင်တွေ မဒေါကျေးရွာမှာ နယ်မြေရှင်းလင်းမှု ပြုလုပ်ခဲ့ပြီးနောက် ထိန်းချုပ်နယ်မြေရှိကျေးရွာနဲ့ ပတ်ဝန်ကျင်ကျေးရွာတွေအနီးကို ရောက်ရှိလာတာပါ။

အဲနောက်မှာတော့ ဂျက်ဂါးကျေးရွာ ရော်ဘာခြံတစ်ခုမှာ အလုပ်လုပ်နေတဲ့ အသက် ၂၇ နှစ်အရွယ်အမျိုးသမီးတစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့တွေက အကြောင်းမဲ့ပစ်သတ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ယခုအသက်သေဆုံးခဲ့သူမှာ ကလေးတစ်ယောက်မိခင် မဝေလင်းသူဖြစ်ပြီး ထိုပစ်ခတ်မှုမှာ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့အတူ ပြည်သူ့စစ်အဖွဲ့ဝင်တွေလည်း ပါဝင်တယ်လို့ KNU ကဆိုပါတယ်။

လွန်ခဲ့တဲ့ ရက်ပိုင်းကတည်းက ကေအဲန်ယူ တပ်မဟာ ၄ ထိန်းချုပ်နယ်မြေရှိ ကျေးရွာတွေနဲ့ အနီးပတ်ဝန်းကျင်ကျေးရွာတွေမှာ စစ်ကောင်စီတပ်ဖွဲ့တွေ အင်အားအများအပြားဖြင့် နယ်မြေကျူးကျော်ဝင်ရောက်မှုများ ရှိနေသလို ဒေသခံပြည်သူတွေကို ဖမ်းဆီးရိုက်နှိက်မှုများ မကြာခဏပြုလုပ်လေ့ရှိတယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။

May 9, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်အစိုးရဲ့ မွန်ပြည်နယ် အစိုးရအဖွဲ့က တရားဝင်သဖွယ် ခွင့်ပြုထားတဲ့...
May 8, 2026
တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ထီးခီးဒေသတဝိုက်အခြေပြုတဲ့ လှုပ်ရှားနေတဲ့ KTLA တပ်ဖွဲ့ဝင် ၃၀...
May 7, 2026
မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် ခန့်အပ်ထားတဲ့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို...
May 6, 2026
မွန်ဒေသအတွင်းရှိ ပြည်သူလူထုတွေအနေနဲ့ ဒေသလိုအပ်ချက်တွေအပါအဝင် ရင်ဆိုင်နေရတဲ့ အခက်အခဲ ပြဿနာတွေကို...