စစ်ကောင်စီတပ် နယ်မြေရှင်းလင်းရာမှာ ဒေသခံအမျိုးသမီးတစ်ဦးကို ပစ်သတ်ခဲ့တယ်လို့ KNU ထုတ်ပြန်

စစ်ကောင်စီတပ် နယ်မြေရှင်းလင်းရာမှာ ဒေသခံအမျိုးသမီးတစ်ဦးကို ပစ်သတ်ခဲ့တယ်လို့ KNU ထုတ်ပြန်

ကေအဲန်ယူ - ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၄ ထိန်းချုပ်နယ်မြေမှာ စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့တွေ နယ်မြေရှင်းလင်းရာမှာ ဒေသခံအမျိုးသမီးတစ်ဦးကို ပစ်သတ်ခဲ့တယ်လို့ KNU ဗဟို ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒီကနေ့ နံနက်စောပိုင်းမှာ စစ်ကောင်စီရဲ့ ခလရ ၂၈၅ တပ်ဖွဲ့ဝင်တွေ မဒေါကျေးရွာမှာ နယ်မြေရှင်းလင်းမှု ပြုလုပ်ခဲ့ပြီးနောက် ထိန်းချုပ်နယ်မြေရှိကျေးရွာနဲ့ ပတ်ဝန်ကျင်ကျေးရွာတွေအနီးကို ရောက်ရှိလာတာပါ။

အဲနောက်မှာတော့ ဂျက်ဂါးကျေးရွာ ရော်ဘာခြံတစ်ခုမှာ အလုပ်လုပ်နေတဲ့ အသက် ၂၇ နှစ်အရွယ်အမျိုးသမီးတစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့တွေက အကြောင်းမဲ့ပစ်သတ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ယခုအသက်သေဆုံးခဲ့သူမှာ ကလေးတစ်ယောက်မိခင် မဝေလင်းသူဖြစ်ပြီး ထိုပစ်ခတ်မှုမှာ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့အတူ ပြည်သူ့စစ်အဖွဲ့ဝင်တွေလည်း ပါဝင်တယ်လို့ KNU ကဆိုပါတယ်။

လွန်ခဲ့တဲ့ ရက်ပိုင်းကတည်းက ကေအဲန်ယူ တပ်မဟာ ၄ ထိန်းချုပ်နယ်မြေရှိ ကျေးရွာတွေနဲ့ အနီးပတ်ဝန်းကျင်ကျေးရွာတွေမှာ စစ်ကောင်စီတပ်ဖွဲ့တွေ အင်အားအများအပြားဖြင့် နယ်မြေကျူးကျော်ဝင်ရောက်မှုများ ရှိနေသလို ဒေသခံပြည်သူတွေကို ဖမ်းဆီးရိုက်နှိက်မှုများ မကြာခဏပြုလုပ်လေ့ရှိတယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။

Most read this week

December 23, 2025
လူထုရဲ့ အခက်အခဲအကျပ်အတည်းတွေကို လွှတ်တော်ထဲ တင်ပြပေးမယ့် ကိုယ်စားလှယ်တွေဟာ...
Photo credit - social media
December 22, 2025
ရွှေ့ပြောင်းမြန်မာပြည်သူတွေဟာ အနာဂတ်အခြေအနေဆိုင်ရာ စိုးရိမ်မှုနဲ့ မျှော်လင့်မှုတွေမှာ...
Photo credit - CJ
December 20, 2025
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဒေသတွင်းမှာ...
December 19, 2025
မွန်ပြည်နယ်တောင်ပိုင်းက စစ်ရေးလှုပ်ရှားမှု အများဆုံးဒေသဖြစ်တဲ့ ရေးမြို့နယ်မှာ စစ်ကော်မရှင်က...