သေနတ်သံများကြောင့် မောင်တောမြို့နယ် မင်းခမောင်းရွာမှ စာသင်ကျောင်း နေ့တစ်ဝက် ပိတ်ထားလိုက်ရ

သေနတ်သံများကြောင့် မောင်တောမြို့နယ် မင်းခမောင်းရွာမှ စာသင်ကျောင်း နေ့တစ်ဝက် ပိတ်ထားလိုက်ရ

သေနတ်သံများ အဆက်မပြတ် ထွက်ပေါ်လာ၍ ကျောင်းသား ကျောင်းသူများကြောက်လန့်လာသဖြင့် မောင်တောမြို့နယ်၊  မင်းခမောင်းကျေးရွာ မူလွန်ကျောင်းနှင့် အထက်တန်းကျောင်းကို နိုဝင်ဘာ ၁၁ ရက် နေ့လယ်ပိုင်းတွင် ကျောင်းပိတ်ကာ ကလေးငယ်များကို အိမ်သို့ ပြန်လွှတ်လိုက်ရသည်ဟု သတင်းရရှိသည်။

မင်းခမောင်းမူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီးကျော်နိုင်ဌေးက “ ကျောင်းလွှတ်လိုက်ရတာက ကလေးတွေက ကြောက်သွားကြတာကို။ တဒိုင်းဒိုင်းပစ်တာကို။ ကြောက်လို့ ရုန်းရင်းဆန်ခတ်ဖြစ်တော့ အိမ်ကို ပြန်လွှတ်လိုက်ရတော့တာပဲ။ အန္တရာယ်ရှိတယ်လေ။ ကျွန်တော်တို့ကျောင်းကို တိုက်ပွဲဖြစ်ရင် ပိတ်ရပါမယ်။ တိုက်ပွဲများလာရင် မြို့နယ် ပညာရေးမှူးရုံးကို အခြေအနေပြောလို့ ကျောင်းပိတ်ရမှာပေါ့။ တိုက်ပွဲမဖြစ်ဆိုရင် အေးအေးဆေးဆေး ကလေးတွေ ကျောင်းတက်နေရမှာပေါ့” ဟု ပြောသည်။

၄င်းမင်းခမောင်းရွာတွင် မူလွန်ကျောင်းတစ်ကျောင်းနှင့် အထက်တန်းကျောင်း တစ်ကျောင်းရှိပြီး ကျောင်း နှစ်ကျောင်းစလုံးကို ကျောင်းသားများကို ကျောင်းဆင်းခိုင်းကာ နေ့တစ်ဝက် ကျောင်းပိတ်လိုက်ရသည်ဟု သူက ပြောဆိုသည်။

မူလွန်ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူ ၅၈ ဦးရှိပြီး မင်းခမောင်းအထက ကျောင်းတွင်လည်း ကျောင်းသား၊ ကျောင်းသူ ၅ဝ ကျော်ရှိကြောင်း သူကဆက်ပြောသည်။

အဆိုပါ သေနတ်သံများကို နိုဝင်ဘာ ၁၁ ရက် နံနက် ၁၁ နာရီခန့်က မင်းခမောင်းကျေးရွာ အနီးရှိ မိုင်တိုင်(၃၉)အနီးမှ  မိနစ် ၅ဝ ခန့် ကြားခဲ့ရသည်ဟု သိရသည်။

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...