စစ်ရေးအရ အရေးပါသော ပုဏ္ဏားကျွန်း-ရသေ့တောင်ကားလမ်းရှိ တံတားတစ်စင်း မီးရှို့ခံရ

စစ်ရေးအရ အရေးပါသော ပုဏ္ဏားကျွန်း-ရသေ့တောင်ကားလမ်းရှိ တံတားတစ်စင်း မီးရှို့ခံရ

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်း-ရသေ့တောင်ကားလမ်းတွင် သစ်သားဘေလီတံတားတစ်စင်း နိုဝင်ဘာ ၁၁ ရက် နံနက်အစော ၅ နာရီခန့်က မီးရှို့ခံခဲ့ရခြင်းဖြစ်သည်ဟု ပုဏ္ဏားကျွန်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်သိန်းက နိရဥ္စရာကို အတည်ပြုပြောသည်။

မီးရှို့ခံခဲ့ရသောတံတားမှာ ပုဏ္ဏားကျွန်း-ရသေ့တောင်ကားလမ်းပေါ်ရှိ ပုဏ္ဏားကျွန်းမြို့နယ်အပိုင် ကျောက်သံခြေရွာနှင့် ကြိမ်သာကျေးရွာကြားတွင်ရှိသော ဝါးခုတ်ချောင်းသစ်သားဘေလီဖြစ်သည်။

ဦးကျော်သိန်းက “ဖြစ်စဉ်အတိကျကိုတော့ မသိဘူး။ လမ်းသွားလမ်းလာ ကားသမားတွေသတင်းပေးလို့ သိတာပါ”ဟု ပြောသည်။

မီးလောင်မှုကြောင့် တံတားအလယ်တွင် ၃ ပေခန့်ပျက်စီးသွားပြီး လက်ရှိတွင် ပျက်စီးသွားသည့်နေရာအား ပြန်လည်ပြုပြင်ထားပြီဖြစ်၍ ကားများ သွားလာ၍ရနေပြီဟု ပုဏ္ဏားကျွန်း-ရသေ့တောင်ပြေးဆွဲနေသည့် ယာဉ်မောင်း ဦးရွှေနီက ပြောသည်။

“မနက် ၃ နာရီလောက်ကလောင်တာ မြင်တယ်လို့ ရွာကလူတွေပြောကြတယ်။ မီးလောင်တာမဟုတ်ဘူးထင်တယ် ရှို့မီးပါ။ ဘယ်ကရှို့တာလဲတော့ သိပ်မသိဘူး”ဟု ပြောသည်။

အဆိုပါတံတားကို မည်သူမည်ဝါက မီးရှို့သွားသည်ကို မသိရသေးဘဲ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေသည်ဟုလည်း သိရသည်။

၎င်းတံတားအရှည်မှာ အလျား ၁၂၀ ပေနှင့် အကျယ် ၁၈ ပေရှိသည်ဟု သိရသည်။

၎င်း ပုဏ္ဏားကျွန်း-ရသေ့တောင်ကားလမ်းတွင် စစ်တပ် စစ်ဆေးရေးဂိတ် ၃ ခုရှိကြောင်း သိရသည်။

Most read this week

April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...
April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...
April 8, 2026
မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင်...