အင်္ဂဘိုကျေးရွာ Mytel တာဝါတိုင်စောင့်အဖွဲ့နဲ့ ကျိုက်ထိုတော်လှန်ရေး အင်အားစုတွေ တိုက်ပွဲဖြစ်ပွား

အင်္ဂဘိုကျေးရွာ Mytel တာဝါတိုင်စောင့်အဖွဲ့နဲ့ ကျိုက်ထိုတော်လှန်ရေး အင်အားစုတွေ တိုက်ပွဲဖြစ်ပွား

ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာရှိ Mytel တာဝါတိုင်စောင့်အဖွဲ့နဲ့ ကျိုက်ထိုတော်လှန်ရေး အင်အားစုတွေ နိုဝင်ဘာလ ၉ ရက်နေ့ မနက်အစောပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ မနက် ၅ နာရီခန့်မှာ Mytel တာဝါတိုင်စောင့်တဲ့အဖွဲ့ကို ကျိုက်ထိုတော်လှန်ရေးအင်အားစု(KRF)ဘက်ကသွားရောက်ပစ်ခတ်မှု လုပ်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ပစ်ခတ်မှုဖြစ်စဉ်အပြီးမှာ မိနစ် ၃၀ ခန့်ကြာမြင့်ခဲ့ပြီး Mytel တာဝါတိုင်အစောင့် စစ်ကောင်စီဘက်တော်သား ၆ ဦးသေဆုံးခဲ့တယ်လို့ KRF ဘက်က ထုတ်ပြန်ထားပါတယ်။

အဆိုပါ တိုက်ပွဲနဲ့ပတ်သက်ပြီး ဒေသခံတွေကို ဆက်သွယ်မေးမြန်းခဲ့ရာမှာ တိုက်ပွဲဖြစ်ပွားတာတော့ မှန်ကန်ပြီး နှစ်ဖက်ထိခိုက်မှုအခြေနေ မသိရဘူးလို့ ဆိုပါတယ်။

"သိရသလောက် Mytel တာဝါတိုင်အစောင့်အဖွဲ့ကို လာပစ်တော့ဟုတ်တယ်။ ဘယ်သူလာပစ်လဲမသိဘူး။ ပစ်ခတ်ချိန်ကတော့ မိနစ် ၂၀ လောက်ရှိမလားဘဲ။ နောက်ရွာထဲမှာ မေးကြည့်တော့ ထိခိုက်တာတွေကိုတော့ သေချာမသိရဘူး။ တိုက်ပွဲကို မျက်မြင်မတွေ့ရတော့ ဘယ်သူ သေမသေဆိုတာတော့ အတိကျမပြောနိုင်ဘူး။ လက်ရှိတော့ ပုံမှန်ပါဘဲ။ ''လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

စက်တင်ဘာလ ၁၁ ရက်နေ့ကလည်း အင်္ဂဘိုကျေးရွာ ရွာလယ်တောင်ဘက်ပိုင်းရှိ Mytel တာဝါတိုင် မိုင်းထောင်ဖောက်ခွဲခံရပြီး တိုင်အောက်ခြေရှိ စက်ပစ္စည်းတွေ ထိခိုက်ပျက်စီးခဲ့သေးတယ်လို့ သိရပါတယ်။

May 9, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်အစိုးရဲ့ မွန်ပြည်နယ် အစိုးရအဖွဲ့က တရားဝင်သဖွယ် ခွင့်ပြုထားတဲ့...
May 8, 2026
တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ထီးခီးဒေသတဝိုက်အခြေပြုတဲ့ လှုပ်ရှားနေတဲ့ KTLA တပ်ဖွဲ့ဝင် ၃၀...
May 7, 2026
မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် ခန့်အပ်ထားတဲ့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို...
May 6, 2026
မွန်ဒေသအတွင်းရှိ ပြည်သူလူထုတွေအနေနဲ့ ဒေသလိုအပ်ချက်တွေအပါအဝင် ရင်ဆိုင်နေရတဲ့ အခက်အခဲ ပြဿနာတွေကို...