အရည်အချင်း မစိစစ်ဘဲ နည်းပြနှင့်သရုပ်ပြအသစ်တွေ ခန့်အပ်တဲ့အပေါ် ဆရာများ သမဂ္ဂ ဝေဖန်

အရည်အချင်း မစိစစ်ဘဲ နည်းပြနှင့်သရုပ်ပြအသစ်တွေ ခန့်အပ်တဲ့အပေါ် ဆရာများ သမဂ္ဂ ဝေဖန်

အာဏာသိမ်း စစ်ကောင်စီဟာ မော်လမြိုင်တက္ကသိုလ်မှာ နည်းပြနဲ့ သရုပ်ပြ အသစ်တွေကို အရည်အချင်း စိစစ်မှု မရှိဘဲ အလုပ်လျှောက်ထားသူ မှန်သမျှ ခန့်အပ်လိုက်တဲ့ပေါ် မှာ ဆရာများ သမဂ္ဂတာဝန်ရှိသူတွေက ဝေဖန်လိုက်တာ ဖြစ်ပါတယ်။

မော်လမြိုင် တက္ကသိုလ်ရဲ့ CDM ဆရာ၊ ဆရာမနေရာတွေမှာ အစားထိုးဖို့အတွက် နည်းပြ၊ သရုပ်ပြ ဝန်ထမ်း အသစ် ၁၀၀ ကျော်ကို နိုဝင်ဘာလပထမ အပတ်မှာ စတင်ခန့်အပ်လိုက်တာ ဖြစ်ပါတယ်။

အသစ်ခန့်အပ်လိုက်တဲ့ နည်းပြ၊ သရုပ်ပြတွေရဲ့ အရည်အချင်းတွေကို မစိစစ်ဘဲ ရာထူးတွေ ပေးတဲ့အပေါ် ဆရာများသမဂ္ဂအဖွဲ့ တာဝန်ရှိသူ တစ်ဦးက အခုလို ဝေဖန်လိုက်တာ ဖြစ်ပါတယ်။

“အမှန်တိုင်း ပြောရင် လာလျှောက်သမျှ လူအကုန်လုံးကို ခန့်ထည့်လိုက်တာပဲ၊ ဘာအရည်အချင်း စစ်တာမှ မရှိပါဘူး၊ ဘာအရည်အချင်း စစ်တာမှ မရှိဘဲ ခန့်လိုက်တာ ခင်ဗျ အမှန်အတိုင်း ပြောရမယ် ဆိုရင်တော့လေ၊ ဆိုတော့ ဒီကလေးတွေ တစ်ယောက်ချင်းမှာ အရည်အချင်း ရှိလာ မရှိလား ဒါကတော့ ကျွန်တော် မပြောတက်ဘူး၊ ကလေးနဲ့ပဲ ဆိုင်တာပေါ့ နော်အားလုံးကလည်း MAပြီးပြီးသား ကလေးဆိုတော့ သူတို့အပေါ်မှာ အရည်အချင်း ရှိတယ်မရှိဘူး ဆိုတာကို ကျွန်တော် မဝေဖန်ချင်ဘူး၊ ဒါပေမယ့် သူတို့ကျူတာ ရခဲ့တာတော့ အရည်အချင်း ရှိစွာနဲ့ ရခဲ့တာ မဟုတ်ဘူး၊ ဒီရာထူးကို ရတာကတော့ လာလျှောက်သမျှ လူပေးလိုက်တာ ဖြစ်တဲ့အတွက်ကြောင့်မို့ ဒီရာထူးနဲ့ ပတ်သက်တဲ့ စစ်ဆေးချက်တွေ ဘာမှမရှိဘူးလေ”လို့ ဆရာတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီက အရည်အချင်းကို မယူဘဲ အရည်အတွက်ကို ယူပြီး နည်းပြ၊ သရုပ်ပြတွေ ခန့်အပ် လိုက်တာကြောင့် တက္ကသိုလ် ပညာရေးဟာ နိမ့်ကျသထက် နိမ့်ကျလာမှာ ဖြစ်တယ်လို့ ဝေဖန်လိုက်တာပါ။

ဒါ့အပြင် အရည်အချင်း မရှိတဲ့ အတွက် သင်ကြားမှု အပိုင်းမှာလည်း အခက်တွေ့ပြီး ကလေးတွေရဲ့ တက်မြောက်မှု အပိုင်းတွေပါ ထိခိုက်လာမှာ ဖြစ်တယ်လို့ ဆရာတွေက ပြောပါတယ်။

နည်းပြ၊ သရုပ်ပြသစ်တွေကို အရည်အချင်း စစ်ဆေးခြင်း မရှိဘဲ ဆွဲခန့်တာဝန် ပေးမှုအပေါ် ပြင်းထန်စွာ ကန့်ကွက်ကြောင်းနဲ့ အခုလုပ်ရပ်ဟာ ပညာရေးစနစ်ကို စနစ်တကျ ဖျက်ဆီးနေတဲ့ လုပ်ရပ်ဖြစ်တယ်လို့ မော်လမြိုင် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂကလည်း ထုတ်ပြန်ထားပါတယ်။

Most read this week

December 23, 2025
လူထုရဲ့ အခက်အခဲအကျပ်အတည်းတွေကို လွှတ်တော်ထဲ တင်ပြပေးမယ့် ကိုယ်စားလှယ်တွေဟာ...
Photo credit - social media
December 22, 2025
ရွှေ့ပြောင်းမြန်မာပြည်သူတွေဟာ အနာဂတ်အခြေအနေဆိုင်ရာ စိုးရိမ်မှုနဲ့ မျှော်လင့်မှုတွေမှာ...
Photo credit - CJ
December 20, 2025
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဒေသတွင်းမှာ...
December 19, 2025
မွန်ပြည်နယ်တောင်ပိုင်းက စစ်ရေးလှုပ်ရှားမှု အများဆုံးဒေသဖြစ်တဲ့ ရေးမြို့နယ်မှာ စစ်ကော်မရှင်က...