မွန်လက်မှုလုပ်ငန်းတွေ အရောင်းအဝယ်မကောင်းလို့ ရပ်နားလာရ

မွန်လက်မှုလုပ်ငန်းတွေ အရောင်းအဝယ်မကောင်းလို့ ရပ်နားလာရ

မွန်ပြည်နယ်အတွင်းက တစ်နိုင်တစ်ပိုင် လက်မှုလုပ်ငန်းတွေ စစ်တပ် အာဏာသိမ်းတာနဲ့ ကိုဗစ်ကပ်ရောဂါ သက်ရောက်မှုတွေကြောင့် လုပ်ငန်းအများစု ရပ်နားလာရတယ်လို့ လက်မှုလုပ်ငန်းရှင်တွေက ပြောပါတယ်။

လက်မှုလုပ်ငန်းတွေဟာ ခရီးသွားလာမှု နည်းပါးလာတာ၊ ကုန်ကြမ်းပစ္စည်းတွေ ဈေးနှုန်းမြင့်တက်လာတာ၊ အရောင်းအဝယ်နည်းပါးလာတာတွေကြောင့် တွက်ခြေမကိုက်တဲ့အတွက် လုပ်ငန်းရပ်နားလာကြတာ ဖြစ်ပါတယ်။

လက်မှုလုပ်ငန်းတွေဟာ ခရီးသည်ဝင်ရောက်မှု မရှိသလောက် နည်းပါးလာတဲ့အတွက်ကြောင့် လုပ်ငန်းအများစု ရပ်နားလာကြတာ ဖြစ်ပြီး၊ လက်ရှိမှာတော့ လုပ်ကိုင်သူ အနည်းငယ်သာ ကျန်ရှိတော့တယ်လို့ လက်မှုလုပ်ငန်းရှင် တစ်ဦးက ပြောပါတယ်။

“ ခုဆို ဆိုင်ပါပိတ်ထားရတယ်။ ဖြစ်နေတဲ့ နိုင်ငံရေးနဲ့ကိုဗစ်ကြောင့် ခရီးသွားလာမှုတွေမရှိတော့ အရောင်းအဝယ်တွေ မရှိဘူး။ ကုန်ဈေးနှုန်းတွေကတက်တော့ တွက်ခြေမကိုက်လို့ မလုပ်ကြတဲ့သူတွေအများကြီးဘဲ။ ဒီလုပ်ငန်းတွေက ခရီးသွားတွေကို အဓိကထား မှီခိုပြီးရောင်းချရတာဆိုတော့ ခရီးသွားတွေ မရှိတော့ ဘာမှလုပ်လို့မရဘူး။ ကိုဗစ်ပြီးတော့ နိုင်ငံရေးပါထပ်ဖြစ်တော့ အများစုက အဆင်ပြေမယ်ထင်တဲ့ဘက်ကို ပြောင်းလုပ်ကြတယ်။ ခုဆို လက်မှုလုပ်ငန်းလုပ်သူက အနည်းအကျဉ်းလောက်ဘဲ ကျန်တော့တယ်''လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မွန်ပြည်နယ်မှာတော့ ဆေးတံ၊ ကြိမ်ပတီး၊ ခမောက်၊ ဝါးလက်မှုလုပ်ငန်းတွေနဲ့ မြေအိုးလုပ်ငန်းအပါအဝင် လက်မှုလုပ်ငန်းပေါင်း ၂၀ ထက်မနည်း ရှိနေတာ ဖြစ်ပါတယ်။

လက်မှုလုပ်ငန်းက ထွက်ရှိလာတဲ့ ပစ္စည်းတွေကို ပြည်နယ်အတွင်း ရောင်းဖြန့်ဖြူးရောင်းချနေသလို ပဲခူး၊ ကရင်၊ ရန်ကုန်အပါအဝင် တိုင်းနဲ့ပြည်နယ်အများစုကို တင်ပို့ရောင်းချခဲ့ရတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ စစ်တပ် အာဏာသိမ်းပြီးနောက် လက်မှုလုပ်ငန်းအများစု ရပ်နားလာကြပြီး ဒီအခြေအနေအတိုင်းသာ ဆက်ဖြစ်နေမယ်ဆိုရင် လက်မှုလုပ်ငန်းတွေ ပျောက်ကွယ်သွားနိုင်တယ်လို့ လက်မှုလုပ်ငန်းရှင်တွေက ပြောပါတယ်။

May 9, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်အစိုးရဲ့ မွန်ပြည်နယ် အစိုးရအဖွဲ့က တရားဝင်သဖွယ် ခွင့်ပြုထားတဲ့...
May 8, 2026
တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ထီးခီးဒေသတဝိုက်အခြေပြုတဲ့ လှုပ်ရှားနေတဲ့ KTLA တပ်ဖွဲ့ဝင် ၃၀...
May 7, 2026
မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် ခန့်အပ်ထားတဲ့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို...
May 6, 2026
မွန်ဒေသအတွင်းရှိ ပြည်သူလူထုတွေအနေနဲ့ ဒေသလိုအပ်ချက်တွေအပါအဝင် ရင်ဆိုင်နေရတဲ့ အခက်အခဲ ပြဿနာတွေကို...