စစ်အင်အားတိုးချဲ့လာလို့ KNU ထိန်းချုပ်နယ်မြေမှာ နေ့စဥ် တိုက်ပွဲဖြစ်

စစ်အင်အားတိုးချဲ့လာလို့ KNU ထိန်းချုပ်နယ်မြေမှာ နေ့စဥ် တိုက်ပွဲဖြစ်

အာဏာသိမ်း စစ်ကောင်စီဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁ ရက်နေ့ကနေ လာမယ့်နှစ် ဖေဖော်ဝါရီလကုန်ထိ ၅ လ အပစ်ရပ်ကြောင်း ကြေညာထားပါတယ်။

စစ်ကောင်စီဟာ ငါးလတာအပစ်ရပ်တယ်လို့ ပြောဆိုကြေညာထားပေမယ့် တကယ့်လက်တွေ့မှာတော့ လိုက်နာမှုမရှိပဲ ကေအဲန်ယူနယ်မြေအတွင်း စစ်အင်အားတွေ ဆက်တိုက်တိုးချဲ့နေတာ ဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ စစ်ရေးလှုပ်ရားမှုတွေကြောင့် တိုက်ပွဲတွေ နေ့တိုင်းလိုလို ဖြစ်ပွားနေတာလို့ KNU တပ်မဟာ ၁ အတွင်းရေးမှူး ပဒိုစောစိုးမြင့်က ပြောပါတယ်။

“ သထုံ ၊ ကျိုက်ထိုနဲ့ ဘားအံဘက်မှာဆို တောက်လျှောက် သူတို့ဝင်လာတယ်။နေ့တိုင်း လိုလိုတိုက်ပွဲဖြစ်တယ်။ သူတို့က တပ်အင်အားဖြည့်ပြီး ကျွန်တော်တို့နယ်မြေမှာ လှုပ်ရှားလာတော့ တိုက်ပွဲတွေ ပိုဖြစ်လာတာပေါ့” လို့ ဆိုပါတယ်။

စစ်ဆင်ရေးဝင်ရောက်လှုပ်ရှားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ တပ်အဖွဲ့အသစ်တွေဖြစ်နေတဲ့အပြင် နယ်မြေမကျွမ်းကျင်တာတွေကြောင့် တိုက်ပွဲမှာအကျအဆုံးများခဲ့တယ်လို့ ဆိုပါတယ်။

တချို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ သင်တန်းမတက်ဖူးတဲ့ တပ်သားတွေပါ ပါဝင်တယ်လို့ KNLA တပ်မဟာ ၅ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စောကလယ်ဒိုက ပြောပါတယ်။

“ တပ်မဟာ ၅ တပ်ဖွဲ့ဝင်တွေရဲ့ ပြောဆိုချက်အရဆိုရင် သူတို့ဘက် ဝင်လာတဲ့တပ်တွေက အသစ်ဖြစ်တယ်။ နယ်မြေကျွမ်းကျင်မှုနည်းတယ်၊ သူတို့လာတာက တချို့သူဆိုရင် ရဲဘော်ပုံစံနဲ့ မတူဘူး” လို့ ဆိုပါတယ်။

တဖက်မှာတော့ စစ်ကောင်စီတပ်တွေဟာ စစ်အင်အားတိုးချဲ့ပြီး ဘုန်းကြီးကျောင်း အပါအဝင် ဘာသာရေး အဆောက်အဦးတွေမှာ တပ်စွဲကာ ကျေးရွာထဲကို လက်နက်ကြီးတွေနဲ့ နေ့တိုင်းလိုလို ရမ်းသမ်းပစ်ခတ်နေတာ ဖြစ်ပါတယ်။

စစ်ကောင်စီက အပစ်ရပ်ကြေညာတဲ့ အောက်တိုဘာ တစ်လတည်းမှာပဲ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၁ ၊ ၂ ၊ ၃ ၊ ၅ နဲ့ ၆ တို့မှာ တိုက်ပွဲပေါင်း ၃၀၀ နီးပါး ဖြစ်ပွားခဲ့ပါတယ်။

အဲဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက် ၂၇၀ ကျော် သေဆုံးပြီး ၂၆၀ နီးပါး ဒဏ်ရာရရှိခဲ့ပါတယ်။

July 31, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်အသွင်းပြောင်း အစိုးရ၏ ရက် ၁၀၀ စီမံချက်...
July 30, 2026
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) သည် အာရက္ခတပ်တော် (AA) အပါအဝင်...
July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...