တိုင်းရင်းသားစာပေသင်ကြားသည့်ဆရာ/မများကိုနေ့တွက်လစာတိုးပေးမည်

တိုင်းရင်းသားစာပေသင်ကြားသည့်ဆရာ/မများကိုနေ့တွက်လစာတိုးပေးမည်

တိုင်းရင်းသား စာပေသင်ကြားသည့် ဆရာ/မများ၏ နေ့တွက်လစာများကို အောက်တိုဘာလမှ စတင်ပြီး တိုးမြှင့်ပေးခဲ့ကြောင်း တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာနက သိရသည်။

တိုင်းရင်းသားစာပေ သင်ကြားရေးအထောက်အကူပြု  ဆရာ/မများ (TA) ကို တစ်ဦးလျှင် တစ်သိန်းသုံးသောင်းကျပ်နှင့် တိုင်းရင်းသားစာပေသင် ဆရာ/မ (LA) များကို တစ်လခြောက်သောင်းကျပ် တို့ တိုးမြှင့်ပေးကြောင်း သိရသည်။

TA ဆရာ/မများသည် နေ့စားလပေးစနစ်ဖြင့်  တစ်လ ခုနှစ်သောင်းကျပ်ရပြီး  LA များက တစ်လသုံးသောင်းကျပ်ရရှိခြင်း ဖြစ်သည်။

စစ်အာဏာသိမ်းပြီးနောက် တိုင်းရင်းသားစာပေသင်ကြားသည့် TA နှင့် LA များသည် ကျောင်းဖွင့်ခဲ့သည့် တစ်လအတွက်သာ လစာများရရှိခဲ့ပြီး ကျန်သည့်လများ လစာငွေမရရှိခဲ့ကြောင်း သိရသည်။

အရပ်သာအစိုးရလက်ထပ်က Covid19 ကြောင့် ကျောင်းများပိတ်ထားသော်လည်း တိုင်းရင်းသားစာပေ သင်ကြားသည့် ဆရာ/မများ လစာငွေရရှိခဲ့ကြောင်း သိရသည်။

လစာတိုးမည့် ကိစ္စနှင့် ပတ်သက်ပြီး တိုင်းရင်းသားစာပေ သင်ကြားသည့် ဆရာ/မ များက စိတ်ဝင်စားမှု အားနည်းနေပြီး ကျောင်းများပြန်ဖွင့်လျှင်လည်း သင်ကြားနိုင်ရန်အတွက်လည်း ခက်ခဲမှုရှိနေကြောင်း ဆက်သွယ်မေးမြန်းမှုများအရ သိရသည်။

ဓာတ်ပုံ - (ရှမ်းနီအသံ / ပုံဟောင်း)
August 28, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ် အပါအဝင် ပြည်နယ်တွင်း၌ ရက်သတ္တပတ်ကျော်အတွင်း ဆန်ဈေးနှုန်းများ သိသိ...
ဓါတ်ပုံ - (စစ်ရှောင်များ / Crd)
August 28, 2026
ရန်ကုန်မြို့သို့ ရောက်ရှိနေသည့် ဗန်းမော်မြို့ စစ်ဘေးရှောင်များအနက် ထောက်ပံ့ကြေး တစ်ကြိမ်မျှ...
ဓာတ်ပုံ - ရှမ်းနီအသံ
August 27, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်တွင် ဘဏ်ဖွင့်လှစ်နိုင်ခြင်း မရှိသေးသဖြင့် ဌာနဆိုင်ရာ ဝန်ထမ်းများ...
August 26, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ်အတွင်းရှိ Starlink (စတားလင့်ခ်) ဝိုင်ဖိုင်စက် အသုံးပြုခများကို...