စစ်တွေက အိမ်ဖြူတော် KTV ပိုင်ရှင် ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်း ဦးသိန်းရွှေကို လက်နက်ကိုင်တစ်စုဖမ်းခေါ်သွား

စစ်တွေက အိမ်ဖြူတော် KTV ပိုင်ရှင် ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်း ဦးသိန်းရွှေကို လက်နက်ကိုင်တစ်စုဖမ်းခေါ်သွား

ရခိုင်ပြည်နယ် စစ်တွေမြို့ အနောက်စံပြရပ်ကွက်ရှိ White House အိမ်ဖြူတော် KTV ပိုင်ရှင်လည်းဖြစ်၊ ၂ဝ၂ဝ ရွေးကောက်ပွဲတွင် စစ်တွေမြို့  ပြည်ခိုင်ဖြိုးပါတီ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသိန်းရွှေကို  လက်နက်ကိုင်အဖွဲ့တစ်ခု၏ ဖမ်းဆီးခေါ်ဆောင်ထားသည်ဟု မိသားစုများမှတစ်ဆင့် သိရသည်။

၄င်းသည် နိုဝင်ဘာလ ၇ ရက် နံနက်က စစ်တွေမြို့နယ် အမြင့်ကျွန်းကျေးရွာဘုန်းကြီးကျောင်းတွင်ပြုလုပ်ခဲ့သည့် ညီဖြစ်သူ၏ကထိန်ပွဲတွင် ပစ္စတိုသေနတ်များကိုင်ဆောင်ထားသူ ၃ ဦး၏ လာရောက်ခေါ်ဆောင်ခြင်းကိုခံလိုက်ရသည်ဟု မျက်မြင်တစ်ဦးက နိရဥ္စရာကို ပြောသည်။

“ဘုန်းကြီးကျောင်းအပေါ်ထပ် လှေကားထစ်ကနေ ဆင်းလာတဲ့အခါမှာ သူ့လက်ကို တစ်ယောက်တစ်ဖက်ကိုင်ပြီး အနောက်ကနေတစ်ယောက်ကတော့ ပစ္စတိုသေနတ်နဲ့ထောက်ထားတယ်။ နောက်ပြီးတော့ လက်ထိပ်ခတ်သွားတယ်။ ဆူဆူညံညံဖြစ်သွားတာတော့မရှိဘူး။ သေနတ်တွေနဲ့ဆိုတော့ လူတွေကလည်း ကြောက်လို့ အနားကို မကပ်ရဲဘူး။ ဖမ်းသွားတဲ့သူတွေကတော့ ရိုးရိုးပွဲလာစားတဲ့အဝတ်အစားတွေနဲ့ မျက်နှာတွေဘာတွေ ဖုံးထားတာတော့မရှိဘူး” ဟု ပြောသည်။

ဦးသိန်းရွှေကို ဖမ်းဆီးသွားသူများသည် မည်သည့်အဖွဲ့မှဖြစ်သည်ကိုမသိရသော်လည်း အိမ်စီးကား ၃ စီးဖြင့် လာရောက်ခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု သူက ဆက်ပြောသည်။

ဖမ်းဆီးခံလိုက်ရသည့် ဦးသိန်းရွှေ၏ညီဖြစ်သူကလည်း သူ့အစ်ကိုဖမ်းဆီးခံလိုက်ရမှုနှင့်ပတ်သက်ပြီး ၄င်း၏လူမှုကွန်ရက်စာမျက်နှာတွင် အတည်ပြု ရေးသား ဖော်ပြထားသည်။

ဦးသိန်းရွှေကို မည်သည့်အဖွဲ့က မည်သည့်အတွက်ကြောင့် ဖမ်းဆီးသွားသည်ကို နိရဥ္စရာက သီးခြားအတည်ပြု၍ မရသေးပါ။

August 1, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ရွှေလှေကျေးရွာကို စစ်တပ်က လေကြောင်းမှ...
July 31, 2026
အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင် တစ်ဦးတစ်ယောက်မျှ စစ်တပ်ထံ လက်နက်ချအလင်းဝင်သည့် ဖြစ်စဉ်မျိုး...
July 30, 2026
ရခိုင်-မကွေးရိုးပေါ်မှ တစ်ဆင့် နတ်ရေကန်စစ်မျက်နှာသို့ အင်အားဖြည့်တင်းရန် ရောက်ရှိလာခဲ့သော စစ်ကား...
July 27, 2026
ရခိုင်ပြည်၊ အမ်းမြို့နယ်နှင့် မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်အကြား ရိုးတောင်ကျော်လမ်းပေါ်တွင်...