ထောင်ဒဏ် ၇၅ နှစ်ချမှတ်ခံရသည့် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဒေါ်နန်းခင်ထွေးမြင့် အယူခံဝင်မည်မဟုတ်

ထောင်ဒဏ် ၇၅ နှစ်ချမှတ်ခံရသည့် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဒေါ်နန်းခင်ထွေးမြင့် အယူခံဝင်မည်မဟုတ်

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ ဖြင့် ထောင်ဒဏ် ၇၅ နှစ်အမိန့်ချခံရသည့် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဒေါ်နန်းခင်ထွေးမြင့် တရားရုံးတွင်အယူခံဝင်မည်မဟုတ်ကြောင်း အမှုတွင်လိုက်ပါဆောင်ရွက်ပေးနေသူ တရားလွှတ်တော်ရှေ့နေ ဦးအောင်သိန်းက ပြောသည်။

"အမှုတွေရဲ့အမြင့်ဆုံးပြစ်ဒဏ်တွေချမှတ်လိုက်တာပါ။ အရင်ကတည်းက ဒီအတိုင်းဖြစ်လာမယ်ဆိုတာ သိပြီးသားပါ။ အဲဒီအတွက် အယူခံဝင်သွားမှာမဟုတ်ဘူး"ဟု ရှေ့နေ ဦးအောင်သိန်းက ဆိုသည်။

ပြစ်မှုတစ်ခုချင်းစီကို အမြင့်ဆုံးထောင်ဒဏ် ၁၅ နှစ်ဖြစ်ပြီး စွပ်စွဲချက်ပါအမှု ၅ မှုအတွက် ထောင်ဒဏ် ၇၅ နှစ်ကျခံစေရန် နိုဝင်ဘာလ ၉ ရက်နေ့တွင် ကရင်ပြည်နယ်တရားလွှတ်တော်က ပြစ်ဒဏ်အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ဒေါ်နန်းခင်ထွေးမြင့်အပါအဝင် အခြားသော ကရင်ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-ခ ဖြင့် ထောင်ဒဏ် ၂ နှစ်ကျခံစေရန်

ပြီးခဲ့သည့်မတ်လတွင် အမိန့်ချမှတ်ခဲ့ပြီး ဖြစ်သည့်အတွက် စုစုပေါင်း ၇၇ နှစ် ထောင်ဒဏ်ကျခံရမည် ဖြစ်သည်။

ဒေါ်နန်းခင်ထွေးမြင့်သည် ဝန်ကြီးချုပ်အဖြစ်တာဝန်ထမ်းဆောင်ခဲ့စဥ် ၂၀၁၇ ခုနှစ်က ယာဥ်မတော်တဆမှုအတွက် ဆေးကုသကုန်ကျစရိတ်ကို ဖွံ့ဖြိုးရေးရံပုံငွေမှ သုံးစွဲခဲ့သည့်အမှု၊ ကရင်ပြည်နယ်ကမ်းနားလမ်း သာယာလှပရေးကိစ္စ ရံပုံငွေပေးသွင်းမှုကို အစိုးရဘဏ်အကောင့်သို့မထည့်ဘဲ ဖွံ့ဖြိုးရေးရံပုံငွေအဖြစ် သီးခြားပုဂ္ဂလိကဘဏ်အကောင့်သို့ ထည့်ခဲ့သည့်ကိစ္စရပ်များဖြင့် ဧပြီလ ၈ ရက်နေ့က ဘားအံမြို့နယ်တရားရုံးတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ ဖြင့် အမှု ၅ မှုတပ်ကာတရားစွဲခံခဲ့ရခြင်းဖြစ်သည်။

ဒေါ်နန်းခင်ထွေးမြင့်နှင့်အတူ ကရင်ပြည်နယ် စည်ပင်သာယာရေးဝန်ကြီးဟောင်း ဦးသန်းနိုင် ကိုလည်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ ဖြင့် အမှု ၆ မှုအတွက် ထောင်ဒဏ် အနှစ် ၉၀ ကျခံစေရန် ကရင်ပြည်နယ်တရားလွှတ်တော်က ယနေ့နိုဝင်ဘာ ၉ ရက်တွင် ပြစ်ဒဏ်စီရင်ချမှတ်ခဲ့သည်။

March 2, 2026
မွန်ပြည်နယ်အတွင်းရှိ အကျဉ်းထောၚ်အသီးသီးက အကျဉ်းသား အကျဉ်းသူ ၁၆၀ ကျော် ပြန်လွတ်လာပြီး...
ပုံ- IMNA
February 28, 2026
တော်လှန်ရေးကာလတစ်လျှောက်တွင် အမျိုးသမီးများ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးရာကဏ္ဍများ၌...
ပုံ-Facebook
February 26, 2026
တက္ကသိုလ်ဝင်တန်းစာမေးပွဲ နီးကပ်လာသည့်အပြင် လက်ရှိမူလတန်းနှင့် အလယ်တန်းပြီးမြောက်ကြောင်း...
February 25, 2026
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့အဝင်အထွက်ရှိ ဝယ်သွန်ချောင်းလမ်းဝဂိတ်(ခ) ပငဂိတ်၌...