ဘူးသီးတောင် ကူးတိုးဆိပ်စာသင်ကျောင်း မီးလောင်မှု ရှို့မီးဟုတ်မဟုတ် စုံစမ်းစစ်ဆေးနေ

ဘူးသီးတောင် ကူးတိုးဆိပ်စာသင်ကျောင်း မီးလောင်မှု ရှို့မီးဟုတ်မဟုတ် စုံစမ်းစစ်ဆေးနေ

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ကူတိုးဆိပ် အလကစာသင်ကျောင်းခွဲ မီးလောင်မှုကို ရှို့မီးဟုတ်မဟုတ် စုံစမ်းစစ်ဆေးနေသည်ဟု မြို့နယ် မီးသတ်ဦးစီးအရာရှိ ဦးထွန်းဝင်းနိုင်က နိရဥ္စရာသတင်းဌာသို့ပြောသည်။

“တောင်ပူဇာ နယ်မြေရဲစခန်းက စုံစမ်းစစ်ဆေးလျက်ရှိပါတယ်” ဟုပြောသည်။

မီးလောင်မှုဖြစ်ပွားခဲ့သည့်ကျောင်းဆောင်အတွင်း လူနေထိုင်မှုမရှိဘဲ လောင်ကျွမ်းသွားခြင်းဖြစ်သည့်အတွက် ယခုကဲ့သို့ စုံစမ်းစစ်ဆေးနေခြင်းဖြစ်သည်ဟု သိရသည်။

အဆိုပါကျောင်းသည် နိုဝင်ဘာလ ၇ ရက် ညဉ့် ၂ နာရီဝန်းကျင်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

မီးလောင်မှုဖြစ်စဉ်ကြောင့် ၎င်းအလယ်တန်းကျောင်းခွဲတွင် အလျား ၆၀ ပေ၊ အနံ ၄၀ ပေ၊ အမြင့် ၁၂ ပေရှိ သွပ်မိုး၊ ဝါးထရံကာ၊ ကွန်ကရစ်ခင်းကျောင်း အဆောက်အအုံတစ်လုံးအပါအဝင် စာသင်ခုံများနှင့် ကျောင်းဆောင်အနီးရှိ အဘူဆီယာ အသက် (၄၆) နှစ် နေထိုင်သည့် ဓနိမိုး၊ ဝါးထရံကာ နေအိမ် ၁ လုံး မီးလောင်ဆုံးရှုံးသွားခဲ့ကြောင်း သိရသည်။

လက်ရှိတွင် အလျား ၉၀ ပေ× အနံ ၃၀ ပေရှိ အသစ်ဆောက်လုပ်လျက်ရှိသော ကျောင်းဆောင်သစ်မှာ ၇၅ % ပြီးစီးနေပြီဖြစ်သောကြောင့် အဆိုပါကျောင်းဆောင်သစ်တွင် ကျောင်းသား/သူများကို စာသင်နိုင်ရန် စီစဉ်ထားသည်ဟု ဘူးသီးတောင်မြို့နယ် ပညာရေးမှူး ဦးမောင်တင်အောင်က ပြောသည်။

“ကျောင်းဆောင်သစ်ကို ဆက်လက်ပြုလုပ်နေချိန်မှာလည််း ရွာသားတွေကိုယ်ထူကိုယ်ထဆောက်ထားတဲ့အဆောင်မှာ ယာယီပြောင်းရွှေ့သင်ကြားပေးသွားမှာဖြစ်ပါတယ်”ဟု ပြောသည်။

မီးလောင်သွားသည့် ကူတိုးဆိပ် အလကခွဲ စာသင်ကျောင်းတွင် ကျောင်းအုပ်ကြီး ၁ ဦး၊ ဆရာ/မ ၄ ဦးနှင့် ကျောင်းလုပ်သား ၁ ဦးရှိပြီး Kg တန်းမှ ၇ တန်းအထိကျောင်းတက်နေသည့် ကျောင်းသား/သူဦးရေ စုစုပေါင်း ၁၆၅ ဦးရှိကြောင်း သိရသည်။

May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...
May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...
May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...
May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...