KNU နဲ့ စစ်ကောင်စီတပ် တိုက်ပွဲဖြစ်၊ စစ်ကောင်စီဘက်က ၅ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရ

KNU နဲ့ စစ်ကောင်စီတပ် တိုက်ပွဲဖြစ်၊ စစ်ကောင်စီဘက်က ၅ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရ

KNU တပ်မဟာ ၁ ထိန်းချုပ်နယ်မြေဒေသထဲမှာ စစ်ကောင်စီ ဘီဂျီအက်ပူးပေါင်းတပ်တို့နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၁ တပ်တို့ကြား နိုဝင်ဘာ ၅ ရက်နေ့က တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ငါးဦးသေဆုံးသွားခဲ့တယ်လို့ ကေအဲန်ယူမူတြော်သတင်းစဉ်က နိုဝင်ဘာ ၈ ရက်‌နေ့မှာ ထုတ်ပြန်ပါတယ်။

နိုဝင်ဘာ ၅ ရက်နေ့ မနက်အစောပိုင်းက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၁ နဲ့ စစ်ကောင်စီလက်အောက်ခံ အမှတ် ၁၀၁၄ BGF နယ်ခြားစောင့်တပ်တို့ကြား ကလဲ့ခယ်သချိုင်းအနီးမှာ ရင်ဆိုင်ထိတွေ့မှုတစ်ကြိမ် ဖြစ်ပွားခဲ့တာပါ။

အဲ့ဒီထိတွေ့ရင်ဆိုင်ပစ်ခတ်မှုမှာ စစ်ကောင်စီလက်အောက်ခံ BGF ၁၀၁၄ တပ်ရင်းဘက်က ထိခိုက်ကျဆုံးမှုကိုတော့ မသိရသေးဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် နိုဝင်ဘာ ၅ ရက်နေ့ ညနေ ၄ နာရီခွဲအချိန်က နို့ခေးပူအခြေစိုက် စစ်ကောင်စီရဲ့ စကခ (၈) ခမရ(၄၀၉) တပ်နဲ့ ဘီဂျီအက်ပူးပေါင်းတပ်ဖွဲ့တို့ဟာ မယ်သုဖက်ကိုတက်လာတဲ့အတွက် KNLA တပ်မဟာ ၁ နဲ့ ရင်ဆိုင်တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့သေးတာဖြစ်ပြီး စစ်ကောင်စီဘက်က ငါးဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိသွားခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ပွဲနှစ်ကြိမ်ထဲမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၁ ဘက်မှာတော့ ထိခိုက်ဒဏ်ရာရရှိမှုမရှိဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လက်ရှိအချိန်မှာ ပြည်သူလူထုအပေါ် ဖိနှိပ်ချုပ်ချယ်မှု၊ ညှင်းပန်းနှိပ်စက်မှု၊ လူ့အခွင့်အရေးချိုးဖောက်မှုမျိုးစုံ လုပ်ဆောင်ဖို့အတွက် စစ်ကောင်စီတာဝန်ရှိသူတွေဟာ သူ့ရဲ့လက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့တွေကို အသုံးပြုလျက်ရှိနေတယ်လို့ ကေအဲန်ယူမူတြော်ရဲ့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။

Most read this week

December 23, 2025
လူထုရဲ့ အခက်အခဲအကျပ်အတည်းတွေကို လွှတ်တော်ထဲ တင်ပြပေးမယ့် ကိုယ်စားလှယ်တွေဟာ...
Photo credit - social media
December 22, 2025
ရွှေ့ပြောင်းမြန်မာပြည်သူတွေဟာ အနာဂတ်အခြေအနေဆိုင်ရာ စိုးရိမ်မှုနဲ့ မျှော်လင့်မှုတွေမှာ...
Photo credit - CJ
December 20, 2025
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဒေသတွင်းမှာ...
December 19, 2025
မွန်ပြည်နယ်တောင်ပိုင်းက စစ်ရေးလှုပ်ရှားမှု အများဆုံးဒေသဖြစ်တဲ့ ရေးမြို့နယ်မှာ စစ်ကော်မရှင်က...