မြိတ်မြို့ စည်ပင်ဥက္ကဌဟောင်း နေအိမ်ကို စစ်ကောင်စီဘက်က ချိတ်ပိတ်

မြိတ်မြို့ စည်ပင်ဥက္ကဌဟောင်း နေအိမ်ကို စစ်ကောင်စီဘက်က ချိတ်ပိတ်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ ထုံးဖိုလမ်းရှိ စည်ပင်ဥက္ကဟောင်းနေအိမ်ကို နိုဝင်ဘာလ ၈ ရက်နေ့မှာ စစ်ကောင်စီက ချိတ်ပိတ် သိမ်းဆည်းလိုက်တယ်လို့ သိရပါတယ်။

ယမန်နေ့ နေ့လည်ပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဦးမြတ်ကိုကိုနေအိမ်ကို ရောက်ရှိလာပြီး ဗီနိုင်းကပ် ချိတ်ပိတ်သွားတာ ဖြစ်ပါတယ်။

မြိတ်မြို့ စည်ပင်ဥက္ကဌဟောင်း ဦးမြတ်ကိုကိုဟာ PDF အဖွဲ့များနဲ့ ဆက်နွယ်ပတ်သက်နေတယ်လို့ဆိုကာ နေအိမ်နဲ့ပိုင်ဆိုင်မှုတွေကို ချိတ်ပိတ်သိမ်းဆည်းလိုက်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

"နေအိမ်ချိတ်ပိတ်ခံရတာဟုတ်တယ်။ စကစ ဘက်ကတော့ သူတို့တပ်ချင်တဲ့ ပုဒ်မတပ် သူတို့လုပ်ချင်သလိုလုပ်နေတာပါဘဲ။ ခုလဲ PDF နဲ့ဆက်သွယ်လို့ဆိုပြီး အိမ်ကို ချိတ်ပိတ်သွားတယ်။ ဦးမြတ်ကိုက ရှောင်နေတာ ကြာပြီလို့တော့ သိရတယ်''လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဦးမြတ်ကိုကိုဟာ စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လိုက်လံဖမ်းဆီးတာကြောင့် ထွက်ပြေးတိမ်းရှောင်နေရသူဖြစ်ပါတယ်။

ချိတ်ပိတ်ထားသည့် ဦးမြတ်ကိုကိုနေအိမ်ကို နိုင်ငံတော်ပိုင်သိမ်းဆည်းမည်ဖြစ်တာကြောင့် မကျူးကျော် မရောင်းဝယ်ရဆိုပြီး သတိပေးစာ လာကပ်သွားတယ်လို့ သိရပါတယ်။

July 31, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်အသွင်းပြောင်း အစိုးရ၏ ရက် ၁၀၀ စီမံချက်...
July 30, 2026
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) သည် အာရက္ခတပ်တော် (AA) အပါအဝင်...
July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...