ထန်တလန်မြို့ မီးဘေးသင့်ပြည်သူများအတွက် အလှူဆက်မကောက်ရန် စစ်တွေလူမှုအဖွဲ့အချို့ သတိပေးခံရ

ထန်တလန်မြို့ မီးဘေးသင့်ပြည်သူများအတွက် အလှူဆက်မကောက်ရန် စစ်တွေလူမှုအဖွဲ့အချို့ သတိပေးခံရ
ဓာတ်ပုံ - စစ်တွေတွင် လူငယ်အချို့ ထန်တလန်မီးဘေးသင့်ပြည်သူများအတွက် အလှူငွေ ကောက်ခံခဲ့စဉ်။
ဓာတ်ပုံ - စစ်တွေတွင် လူငယ်အချို့ ထန်တလန်မီးဘေးသင့်ပြည်သူများအတွက် အလှူငွေ ကောက်ခံခဲ့စဉ်။

ချင်းပြည်နယ်၊ ထန်တလန်မြို့ မီးဘေးသင့်ပြည်သူများအတွက် အလှူငွေများ ဆက်လက်ကောက်ခံမှု မပြုလုပ်ကြရန် စစ်တွေရှိ လူမှုရေးအဖွဲ့အချို့ကို ရဲတပ်ဖွဲ့က ခေါ်ယူသတိပေးမှုများရှိခဲ့ကြောင်း သိရသည်။

ရခိုင်တွင် စစ်တွေအပါအဝင် မြို့အချို့တွင် အောက်တိုဘာ ၃၁ ရက်မှစတင်ကာ ထန်တလန်မြို့ မီးဘေးသင့်ပြည်သူများအတွက် အလှူငွေများကောက်ခံမှုများကိုပြုလုပ်နေကြခြင်းဖြစ်သည်။

ယင်းသို့ကောက်ခံရာတွင်ပါဝင်သည့် စစ်တွေမှ လူငယ်အဖွဲ့တစ်ခုကို နိုဝင်ဘာ ၅ ရက်တွင် ရဲတပ်ဖွဲ့က ဖုန်းဖြင့် ဆက်သွယ်ပြီး စစ်တွေခရိုင် ရဲတပ်ဖွဲ့မှူးရုံးသို့ခေါ်ယူကာ ဆက်လက် မကောက်ခံကြရန် သတိပေးခဲ့သည်ဟု အလှူငွေ ကောက်ခံသူတစ်ဦးက နိရဥ္စရာ သတင်းဌာနကိုပြောသည်။

"ကျနော့်ကို ဖုန်းအရင်ဆက်တယ်။ ပြီးတော့ အိမ်ထိလာခေါ်ပြီး အလှူငွေဆက်မကောက်ခံဖို့ သတိပေးတယ်။ နည်းနည်းတော့ စိုးရိမ်မိတယ်"ဟုပြောသည်။

ရခိုင်တွင် ဒုက္ခခံစားခဲ့ရစဉ်က တိုင်းရင်းသားများကူညီပေးခဲ့ကြသည့်အတွက် ယခုကဲ့သို့ ကောက်ခံခြင်းဖြစ်ပြီး ကောက်ခံမှုကို တားမြစ်ခြင်းမှာ မဖြစ်သင့်ဟုလည်း လူမှုရေးဆောင်ရွက်သူတစ်ဦးက ပြောသည်။

"လူသားအချင်းချင်း ကူညီတာကို ဒီလိုတားမြစ်တာက မကောင်းဘူး။ ကျနော်တို့ ဒုက္ခခံစားရတုန်းက တိုင်းရင်းသားတွေကူညီပေးခဲ့ကြတယ်"ဟုပြောသည်။

ချင်းပြည်နယ်၊ ထန်တလန်မြို့တွင် အောက်တိုဘာ ၃၀ ရက်က လူနေအိမ် ၁၆၀ ကျော်နှင့် ခရစ်ယာန် ဘုရားရှိခိုးကျောင်း ၂ ကျောင်းမီးရှို့ခံခဲ့ရပြီး လူပေါင်း ထောင်နှင့်ချီကာ စစ်ဘေးရှောင်နေကြရသည်ဟု သိရသည်။

August 1, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ရွှေလှေကျေးရွာကို စစ်တပ်က လေကြောင်းမှ...
July 31, 2026
အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင် တစ်ဦးတစ်ယောက်မျှ စစ်တပ်ထံ လက်နက်ချအလင်းဝင်သည့် ဖြစ်စဉ်မျိုး...
July 30, 2026
ရခိုင်-မကွေးရိုးပေါ်မှ တစ်ဆင့် နတ်ရေကန်စစ်မျက်နှာသို့ အင်အားဖြည့်တင်းရန် ရောက်ရှိလာခဲ့သော စစ်ကား...
July 27, 2026
ရခိုင်ပြည်၊ အမ်းမြို့နယ်နှင့် မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်အကြား ရိုးတောင်ကျော်လမ်းပေါ်တွင်...