ကော့ဘဇားတွင် 'လက်နက်စက်ရုံ' တစ်ခုကို ရဲတပ်ဖွဲ့ကစီးနင်း၊ ဒုက္ခသည်စခန်းကလူ ၃ ဦးဖမ်းဆီးခံရ

ကော့ဘဇားတွင် 'လက်နက်စက်ရုံ' တစ်ခုကို ရဲတပ်ဖွဲ့ကစီးနင်း၊ ဒုက္ခသည်စခန်းကလူ ၃ ဦးဖမ်းဆီးခံရ

ဘင်္ဂလားဒေ့ရှ်နိုင်ငံ မူခင်းနှိမ်နှင်းရေးအထူးတပ်ဖွဲ့ (RAB) က နိုဝင်ဘာ ၈ ရက်နေ့၌ လက်နက် လုပ်စက်ရုံတစ်ခုကို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပြီး ကော့စ်ဘဇားခရိုင်၊ အိုကီးယားမြို့နယ်ရှိ မြန်မာနိုင်ငံမှ မူဆလင် ဒုက္ခသည်စခန်းက လူ ၃ ဦးကို ဖမ်းဆီးခဲ့သည်ဟု ဘင်္ဂလာမီဒီယာများတွင် ဖော်ပြသည်။

ယမန်နေ့ နံနက်အစောပိုင်းက တိုးချဲ့စခန်း အမှတ် (၄)  ဒုက္ခသည်စခန်းနှင့် ကပ်လျက် တောင်ကုန်း တစ်ခုအား စီးနင်းမှု ပြုလုပ်စဉ်အတွင်း ဒေသလုပ်သေနတ် ၁၀ လက်နှင့် လက်နက်ပြုလုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းကရိယာ အမြောက်အမြား သိမ်းဆည်းရမိခဲ့ကြောင်း  Rab အမှတ် (၁၅)  တပ်မှူး ဒုဗိုလ်မှူးကြီး Khairul Islam က ပြောကြောင်း သတင်းတွင် ဖော်ပြသည်။

ဖမ်းဆီးခံရသူများမှာ ကူတူပါလောင် စခန်း အမှတ် C(1) မှ  Md Baitullah၊ (၁၉) နှစ်နှင့် ၎င်း၏ အစ်ကိုဖြစ်သူ  Habib Ullah နှင့် ၎င်းစခန်း အကွက် (G) မှ Mohammd Hasun၊ (၂၄) နှစ်တို့ ဖြစ်သည်။

၎င်းသေနတ်များကို  အကြမ်းဖက်သမားတွေကို ထောက်ပံ့ရန် တောင်ကုန်းတွင် စနစ်တကျ ဂိုဏ်းတစ်ဂိုဏ်းက သေနတ်များကို  အချိန်အတော်ကြာအောင် ပြုလုပ်နေသည်ဆိုသော  သတင်းအချက်အလက်များကို ရရှိပြီးနောက် ၄င်းတောင်ကုန်းကိုစီနင်းစဉ် အဆိုပါလက်နက်နှင့်ကရိယာတံဆာပလာများကို ဖမ်းဆီးမိခြင်း ဖြစ်ကြောင်း  ဒုဗိုလ်မှူးကြီး Khairul Isalm က ဆက် ပြောကြားသည်။

ဘင်္ဂလားဒေ့ရှ်မူခင်းနှိမ်နှင်းရေးတပ်ဖွဲ့  Rab တောင်ကုန်းကိုရောက်ရှိလာသောအခါ အကြမ်းဖက်သမားများက သေနတ်ဖြင့်ပစ်ခတ်မှုဖြစ်ခဲ့သည့်အတွက်  အချိန် ၄ နာရီကြာ ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် လက်နက်စက်ရုံကို ထိန်းချုပ်ပြီး သေနတ်နှင့် လက်နက်ထုတ်လုပ်သည့် ကိရိယာများကို သိမ်းဆည်းရမိခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

ဖမ်းဆီးခံရသူများကို အိုကီးယားမြို့ ရဲစခန်းသို့ လွှဲပြောင်းပေးအပ်ရန် ဆောင်ရွက်နေပြီဖြစ်ကြောင်း သတင်းတွင် ဖော်ပြသည်။

May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...
May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...
May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...
May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...