စစ်ကောင်စီ သတင်းပေးတစ်ဦး အသတ်ခံရပြီးနောက် ရေးမှာ အဖမ်းခံရသူ ၁၀ ဦးထက်မနည်း ရှိလာ

စစ်ကောင်စီ သတင်းပေးတစ်ဦး အသတ်ခံရပြီးနောက် ရေးမှာ အဖမ်းခံရသူ ၁၀ ဦးထက်မနည်း ရှိလာ

မွန်ပြည်နယ်၊ ရေးမြို့နယ်က စစ်ကောင်စီသတင်းပေး ဦးဇော်ဝင်း သေနတ်ပစ်ခတ်ခံရတဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး ဒေသခံပြည်သူ ၁၀ ဦးထက်မနည်းကို စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။

စစ်ကောင်စီရဲ့ သတင်းပေးဦးဇော်ဝင်းကို နိုဝင်ဘာ ၄ ရက်နေ့မှာ ရေးမြို့နယ်ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ၎င်းနေအိမ်အတွင်းမှာ သေနတ် ၅ ချက် ပစ်ခတ် လုပ်ကြံခဲ့တာပါ။

သေနတ်ပစ်ခံရပြီးနောက်မှာ သံသယရှိတဲ့ ပြည်သူ ၁၀ ဦးထက်မနည်းကို စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့တွေက ဖမ်းဆီးထားတယ်လို့ မြို့ခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

" ဦးဇော်ဝင်း သေနတ်ပစ်ခံရတဲ့ နေ့ကစပြီး ရဲနဲ့စစ်သားတွေက သံသယရှိတဲ့သူတွေ လိုက်ဖမ်းနေတာ၊ သူ့ပတ်ဝန်းကျင်အိမ်နားကလူတွေလည်း ပါတယ်၊ ဒီနေ့အထိဆိုရင် ဖမ်းခံရတာ ၁၀ ဦးလောက်ရှိနိုင်တယ်။ ဖမ်းခံထိတဲ့သူတွေကိုတော့ PDF နဲ့ ဆက်သွယ်နေတာ သတင်းရလို့ ဖမ်းတာလဲ ပြောတယ်။ " ဟု ၎င်းက ပြောသည်။

အဆိုပါဖမ်းဆီးထားတဲ့သူတွေ ရေးမြို့နယ်ရဲစခန်းမှာ ချုပ်နှောင်ထားကာ စစ်ကောင်စီအဖွဲ့တွေကစစ်ဆေးမေးမြန်းနေပြီး အဲဒီအထဲက ပြန်လည်လွတ်မြောက်လာသူတချို့လည်း ရှိတယ်လို့ ဆိုပါတယ်။

Non CDM ဝန်ထမ်းတွေ၊ စစ်ကောင်စီထောက်တိုင်တွေနဲ့အုပ်ချုပ်ရေးမှူးတွေ ရာထူးကနေ နုတ်ထွက်ကြဖို့နဲ့ စစ်အုပ်စုနဲ့ ပတ်သက်ခြင်းမပြုကြဖို့ သတိပေးထားသလို မလိုက်နာပါက ပြင်းထန်စွာ အရေးယူမယ်လို့ ရေးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

Most read this week

December 23, 2025
လူထုရဲ့ အခက်အခဲအကျပ်အတည်းတွေကို လွှတ်တော်ထဲ တင်ပြပေးမယ့် ကိုယ်စားလှယ်တွေဟာ...
Photo credit - social media
December 22, 2025
ရွှေ့ပြောင်းမြန်မာပြည်သူတွေဟာ အနာဂတ်အခြေအနေဆိုင်ရာ စိုးရိမ်မှုနဲ့ မျှော်လင့်မှုတွေမှာ...
Photo credit - CJ
December 20, 2025
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဒေသတွင်းမှာ...
December 19, 2025
မွန်ပြည်နယ်တောင်ပိုင်းက စစ်ရေးလှုပ်ရှားမှု အများဆုံးဒေသဖြစ်တဲ့ ရေးမြို့နယ်မှာ စစ်ကော်မရှင်က...