ထားဝယ်မှာ ဆန်ဆိုင်ပိုင်ရှင်တစ်ဦး သေနတ်နဲ့ပစ်ခံရ

ထားဝယ်မှာ ဆန်ဆိုင်ပိုင်ရှင်တစ်ဦး သေနတ်နဲ့ပစ်ခံရ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ကရပ်ပြင်လမ်းဆုံရှိ ဆန်ဆိုင်ပိုင်ရှင်တစ်ဦး နိုဝင်ဘာလ ၇ ရက်နေ့ နေ့လည်ပိုင်းက သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။

ယနေ့ နေ့လည် ၁ နာရီကျော်ခန့်မှာ ဆန်ဆိုင်ပိုင်ရှင် ဦးခင်မောင်အေးမှာ ဆန်ဆိုင်မှာရှိနေစဉ် အမည်မသိ သေနတ်သမားတွေက ဆိုင်ကယ်နဲ့ ရောက်ရှိလာပြီး သေနတ်နဲ့ပစ်ခတ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

သေနတ်နဲ့ပစ်ခတ်ခံရတာကြောင့် ဦးခင်မောင်အေးမှာ သေနတ်ဒဏ်ရာများရရှိပြီး ဆေးရုံသို့ ပို့ဆောင်စဉ်သေဆုံးသွားတယ်လို့ သိရပါတယ်။

"သေနတ်နဲ့လာပစ်တာ သေနတ်သံ လေးငါးချက် ကြားလိုက်တယ်။ ဆေးရုံကိုခေါ်သွားတာ သေဆုံးသွားပြီလို့ သိရတယ်။ ဘယ်အဖွဲ့အစည်းက ဘာကြောင့်လာပစ်တယ်ဆိုတာတော့ မသိရဘူး။ သူညီကလည်း NLD အမာခံတစ်ဦးဘဲ လွန်ခဲ့တဲ့ လလောက်က အသတ်ခံရဖူးသေးတယ်''လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ယခုလိုသေနတ်နဲ့လာရောက်ပစ်ခတ်သည့်ဖြစ်စဉ်ကို မည်သည့်အဖွဲ့အစည်းက လာရောက်ပစ်ခတ်သည်ကို မသိရသေးပေမယ့် ဒေသခံတွေကတော့ ပျူ စောထီးအဖွဲ့တွေက လုပ်ဆောင်တာဖြစ်နိုင်တယ်လို့ ပြောဆိုနေကြပါတယ်။

ဦးခင်မောင်အေး သေနတ်နဲ့ပစ်ခတ်ခံရပြီ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရောက်ရှိလာပြီး အနီးအနားဝန်းကျင်နေသူတွေကို စစ်ဆေးမှုတွေလုပ်ခဲ့တယ်လို့ သိရပါတယ်။

Most read this week

December 23, 2025
လူထုရဲ့ အခက်အခဲအကျပ်အတည်းတွေကို လွှတ်တော်ထဲ တင်ပြပေးမယ့် ကိုယ်စားလှယ်တွေဟာ...
Photo credit - social media
December 22, 2025
ရွှေ့ပြောင်းမြန်မာပြည်သူတွေဟာ အနာဂတ်အခြေအနေဆိုင်ရာ စိုးရိမ်မှုနဲ့ မျှော်လင့်မှုတွေမှာ...
Photo credit - CJ
December 20, 2025
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဒေသတွင်းမှာ...
December 19, 2025
မွန်ပြည်နယ်တောင်ပိုင်းက စစ်ရေးလှုပ်ရှားမှု အများဆုံးဒေသဖြစ်တဲ့ ရေးမြို့နယ်မှာ စစ်ကော်မရှင်က...