ကိုဗစ်ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီးသူတွေ နိုင်ငံအတွင်းဝင်ရင် ကွာရန်တင်း(၇)ရက် ဝင်ရမယ်လို့ စစ်ကောင်စီ ထုတ်ပြန်

ကိုဗစ်ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီးသူတွေ နိုင်ငံအတွင်းဝင်ရင် ကွာရန်တင်း(၇)ရက် ဝင်ရမယ်လို့ စစ်ကောင်စီ ထုတ်ပြန်

အပြည်ပြည်ဆိုင်ရာ ဝင်ထွက်ဂိတ်နဲ့ နယ်စပ်ဝင်ထွက်ဂိတ်ကနေတဆင့် နိုင်ငံအတွင်းဝင်ရောက်လာသူတွေအနေနဲ့ ကိုဗစ်ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံထားပါက ကွာရန်တင်း(၇)ရက်သာ ဝင်ရမည်လို့ စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။

ထုတ်ပြန်ချက်မှာဆိုရင် ပြည်ပကနေ မလာခင် ၁၄ ရက်အတွင်း စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနမှ သတ်မှတ်ထားတဲ့ ကိုဗစ်ကာကွယ်ဆေး ၇ မျိုးထဲက တစ်ခုခုကို အကြိမ်ပြည့် ထိုးနှံပြီးကြောင်း လက်မှတ်ပြရမယ်လို့ ဆိုပါတယ်။

အကယ်၍ ကိုဗစ်ကာကွယ်ဆေးအကြိမ်ပြည့်

ထိုးနှံထားခြင်းမရှိသူတွေနဲ့ မထိုးနှံထားတဲ့သူတွေဆိုရင်တော့ ကွာရန်တင်း(၁၀)ရက် ဝင်ရမှာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

အဲဒီအပြင် ပြည်ပမှဝင်လာသူတွေက ၇၂ နာရီအတွင်း RT-PCR နည်းနဲ့ ကိုဗစ်ကင်းစင်ကြောင်း ဓာတ်ခွဲအဖြေကို စတင်ထွက်ခွာမယ့်လေဆိပ်၊ လေကြောင်းလိုင်းနဲ့ ဆိုက်ရောက်လေဆိပ်နဲ့ ဝင်ထွက်ဂိတ်တွေမှာ ပြသရမှာ ဖြစ်သလို ပြည်တွင်းရောက်ပြီး ၃ ရက်နဲ့ ၇ ရက်နေ့တွေမှာ ကိုဗစ်ပိုးရှိ၊ မရှိ ထပ်မံစစ်ဆေးရမယ်လို့ ထုတ်ပြန်ထားပါတယ်။

ပိုးတွေ့ရှိခဲ့ရင်တော့ စစ်ကောင်စီက သတ်မှတ်ထားတဲ့ ဆေးရုံမှာ ကျန်းမာရေးစောင့်ရှောက်မှု ခံယူရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ပြည်တွင်းမှာ ကိုဗစ်ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးခ၊ ဆေးကုသမှုစရိတ်နဲ့ ဆေးရုံတက်ရောက်ကုသမှုကုန်ကျစရိတ်တွေအတွက် နိုင်ငံခြားသားတွေအနေနဲ့ ကိုယ်တိုင်ကျခံရမယ်လို့ စစ်ကောင်စီက ဆိုပါတယ်။

May 9, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်အစိုးရဲ့ မွန်ပြည်နယ် အစိုးရအဖွဲ့က တရားဝင်သဖွယ် ခွင့်ပြုထားတဲ့...
May 8, 2026
တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ထီးခီးဒေသတဝိုက်အခြေပြုတဲ့ လှုပ်ရှားနေတဲ့ KTLA တပ်ဖွဲ့ဝင် ၃၀...
May 7, 2026
မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် ခန့်အပ်ထားတဲ့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို...
May 6, 2026
မွန်ဒေသအတွင်းရှိ ပြည်သူလူထုတွေအနေနဲ့ ဒေသလိုအပ်ချက်တွေအပါအဝင် ရင်ဆိုင်နေရတဲ့ အခက်အခဲ ပြဿနာတွေကို...