IMF ၏ မြန်မာနိုင်ငံအပေါ်ပေးထားသည့် သန်းပေါင်းများစွာသောကိုဗစ်အကူအညီများပျောက်ဆုံးနေ

IMF ၏ မြန်မာနိုင်ငံအပေါ်ပေးထားသည့် သန်းပေါင်းများစွာသောကိုဗစ်အကူအညီများပျောက်ဆုံးနေ

နိုင်ငံတကာငွေကြေးရံပုံငွေအဖွဲ့ (IMF) က Covid19 တိုက်ဖျက်ရေး အကူအညီအတွက် စစ်တပ်အာဏာမသိမ်းမီ ရက်ပိုင်းမှာ လွှဲပေးခဲ့သည့် အမေရိကန်ဒေါ်လာ (၃၇၂) သန်းပျောက်ဆုံးနေကြောင်း နိုဝင်ဘာ (၃) ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

“ IMF က ဖေဖော်ဝါရီလ အာဏာသိမ်းမှုမပြုလုပ်မီ နှစ်ရက်အလိုက  အရပ်သားအစိုးရဆီကို ငွေလွှဲပြောင်းခဲ့ပါတယ်။ သို့ပေမယ့်လည်း ရှစ်လအကြာမှာ Covid19 ရောဂါတိုက်ဖျက်ရေး ကိုင်တွယ်ဖြေရှင်းဖို့နဲ့ လိုအပ်တဲ့ လူတစ်ဦးချင်း ကူညီဖို့ရည်ရွယ်ထားတဲ့ ဒီရည်ရွယ်ချက်ကို စစ်ကောင်စီက အသုံးပြုခဲ့တာမရှိဘူးလို့ “ IMF ပြောခွင့်ရှိသူ Gerry Rice ကပြောဆိုပါတယ်။

စစ်ကောင်စီကလည်း  ယခင်အရပ်သားအစိုးရကဲ့သို့ ပွင့်လင်းမြင်သာမှုမရှိကြောင်းကိုလည်း Gerry Rice က ထပ်လောင်းပြောဆိုခဲ့ပါတယ်။

IMF က မြန်မာနိုင်ငံကို စုစုပေါင်း (၇၂၈) သန်း ကူညီပေးဖို့သဘောတူထားပြီး ဇွန်လ မှာ (၃၅၆) သန်း ကို ပထမဆုံးအကြိမ်ပေးပို့ခဲ့ပါတယ်။

ဒီရံပုံငွေများထဲမှ မြန်မာငွေကျပ် သန်း ၁၀၀ အထက် ကန်ထရိုက်လုပ်ငန်းများကို ထုတ်ဖော်အသိပေးဖို့လည်း သဘောတူညီထားကြကြောင်း IMF က ပြောဆိုပါတယ်။

IMF က ဒီကာလအတွင်းမှာ အကူအညီအားလုံးကို ရပ်ဆိုင်းလိုက်ပါတယ်။

အရပ်သားအစိုးရလက်ထပ်မှာ ဒီရံပုံငွေနဲ့ လက်အိတ်၊ နှာခေါင်းစည်း နဲ့ ဆေးဝါးတွေ ဝယ်ယူခဲ့တယ်လို့ နောက်ဆုံးအကြိမ်တင်ခဲ့တဲ့ အစီရင်ခံစာမှာ ရေးသားထားပါတယ်။

ဓာတ်ပုံ - (ရှမ်းနီအသံ / ပုံဟောင်း)
August 28, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ် အပါအဝင် ပြည်နယ်တွင်း၌ ရက်သတ္တပတ်ကျော်အတွင်း ဆန်ဈေးနှုန်းများ သိသိ...
ဓါတ်ပုံ - (စစ်ရှောင်များ / Crd)
August 28, 2026
ရန်ကုန်မြို့သို့ ရောက်ရှိနေသည့် ဗန်းမော်မြို့ စစ်ဘေးရှောင်များအနက် ထောက်ပံ့ကြေး တစ်ကြိမ်မျှ...
ဓာတ်ပုံ - ရှမ်းနီအသံ
August 27, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်တွင် ဘဏ်ဖွင့်လှစ်နိုင်ခြင်း မရှိသေးသဖြင့် ဌာနဆိုင်ရာ ဝန်ထမ်းများ...
August 26, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ်အတွင်းရှိ Starlink (စတားလင့်ခ်) ဝိုင်ဖိုင်စက် အသုံးပြုခများကို...