ဆိုင်ကယ်ပေါက်ကွဲ၍ လူနှစ်ဦး သေဆုံး

ဆိုင်ကယ်ပေါက်ကွဲ၍ လူနှစ်ဦး သေဆုံး

ဧရာဝတီတိုင်းအတွင်း ဆိုင် ကယ် ပေါက်ကွဲ၍ စီးလာသူ လူငယ် ၂ ဦး သေဆုံးသွားသည်ဟု ဒေသခံများ ပြော သည်။

 

မအူပင်မြိုနယ် ရွှေတောင်မှော် ကျေးရွာတွင် နေထိုင်ကြသော အသက် ၂၀ နှစ်အရွယ်ရှိ ကိုညီညီ နှင့် အသက် ၃၅ နှစ်အရွယ်ရှိ စိုင်းဝသန်တို့နှစ်ဦးသည် ကျားပျံခြောက် ရွာလမ်းတွင် ဆိုင်ကယ်စီးလာစဉ် Tool Box အတွင်းမှပေါက်ကွဲမှု ဖြစ်ပွားပြီး သေဆုံးသွားခြင်း ဖြစ် သည်ဟု ဒေသခံအချို့က ပြောသည်။

 

"စစ်တပ် နဲ့ ရဲတွေ လာစစ်တယ်။ လက်လုပ်မိုင်း ပေါက်လို့ သေတာလို့ ပြောတယ်။ သူတို့ ဘယ်အဖွဲ့ကလဲ ဘယ် သူလုပ်လို့ သေတာလဲတော့မသိဘူး" ဟု ရွှေတောင်မှော် ရွာသား တစ်ဦး က ပြောသည်။

 

နိုဝင်ဘာလ ၁ ရက်နေ့၊ ည ၇ နာရီအချိန်ခန့်က ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

 

ဒေသခံ PDF ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူကလည်း ထိုပေါက်ကွဲမှုတွင် သေဆုံးသွားသူ နှစ်ဦးမှာ ၎င်းတို့၏ အဖွဲ့ဝင်များ မဟုတ်ဘူးဟု ပြောသည်။

 

"လက်လုပ်မိုင်း လုပ်တတ်သူများလာတယ်။ တစ်ယောက်နဲ့ တစ်ယောက် မတည့်လို့ ဒီလိုလုပ်တာ ဖြစ်နိုင်သလို စစ်တပ်ကလည်း PDF တွေကို နာမည်ဖျက်ချင်လို့ လုပ်တာလည်း ဖြစ်နိုင်တယ်" ဟု ဒေသခံ အသက် ၅၀ ကျော်အရွယ်ခန့်ရှိသူ ဦးခင်မောင် က ပြောသည်။

 

သေဆုံးသွားသူ လူငယ် နှစ်ဦးမှာ သာမန်လူငယ်များသာ ဖြစ်ပြီး မည်သည့်ပါတီ၊ မည်သည့်အဖွဲ့အစည်းဝင်မှ မဟုတ် ဟုလည်း ဒေသခံများက ပြောသည်။

 

ဒေသခံ ပြောက်ကျား အဖွဲ့တစ်ဖွဲ့က နိုဝင်ဘာလ ၁ ရက်နေ့၊ နံနက်ပိုင်းက မြို့နယ် စည်ပင်သာယာရုံးရှေ့တွင် လူ ထိခိုက် သေဆုံးမှုမရှိစေဘဲ ဗုံးဖေါက်ခွဲခဲ့ပြီး စည်ပင်ဝန်ထမ်းများကို သတိပေးခဲ့ကြောင်း သတင်း ထုတ်ပြန်ထား သည်။

 

မအူပင်မြို့ပေါ်တွင် ဗုံးပေါက်ကွဲမှုများ မကြာခဏဖြစ်ပွားနေပြီး အောက်တိုဘာလအတွင်း ဗုံးပေါက်ကွဲမှုများ ၁၈ ကြိမ်ခန့် ဖြစ်ပွားခဲ့သည်ဟု ဒေသခံများက ဆိုသည်။

May 7, 2026
တနင်္သာရီတိုင်းဒေသကြီး၏ အဓိကကုန်သွယ်ရေး သွေးကြော ဖြစ်သော ရန်ကုန်-ထားဝယ် ကားလမ်းမပေါ်ရှိ...
May 6, 2026
စစ်အုပ်စု၏ သာလွန်အင်အားဖြင့် ထိုးစစ်ဆင် တိုက်ခိုက်မှုများကြောင့် သိမ်းပိုက်ထိန်းချုပ်ထားသည့်...
May 5, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့ကို ပြန်လည်ထိန်းချုပ်ခဲ့သည့် စစ်တပ်သည် အမျိုးသားညီညွတ်ရေး...
May 4, 2026
ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၆) နယ်မြေ၊ ဘုရားသုံးဆူမြို့အနီးရှိ မက္ကသာသတ္တုခဲမိုင်း...