ရခိုင်တွင် စာသင်ကျောင်းများပြန်ဖွင့်

ရခိုင်တွင် စာသင်ကျောင်းများပြန်ဖွင့်

နိုဝင်ဘာလ ၁ ရက်နေ့က နိုင်ငံတဝန်းကျောင်းများ ပြန်ဖွင့်ချိန် ရခိုင်ပြည်နယ်တွင်လည်း စာသင်ကျောင်းများကို ပြန်လှည်ဖွင့်လှစ်နေပြီဖြစ်သည်။

ရခိုင်ပြည်နယ်၏မြို့တော် စစ်တွေတွင်လည်း ကျောင်းဖွင့်သည့်နေတွင် ကျောင်းတက်သည့် ဆရာ၊ ဆရာမများနှင့် ကျောင်းသူ၊ ကျောင်းသားများ ကျောင်းတက်နေသည်ကို ယနေ့ နံနက် ၉ နာရီခန့်မှစပြီး မြင့်တွေ့နေရသည်။

စစ်တွေမြို့၊ မကျည်းမြိုင်ရပ်ကွက် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှ နဝမတန်းကျောင်းသူ မချိုချိုက “ ကျောင်းတွေပြန်ဖွင့်တော့ ကောင်းတာပေါ့။ စာတွေလည်း အမြန်သင်ကြားပြီးတော့ အချိန်တွေမကြန့်ကြာတော့ဘူးပေါ့။ ကျောင်းတွေမဖွင့်ဘူးဆိုရင် အိမ်မှာနေရင်းအချိန်တွေကုန်သွားတယ်။

ကျောင်းတွေပြန်ဖွင့်တဲ့အတွက်ပျော်မိပါတယ်။ ဆရာ၊ ဆရာမတွေနဲ့အတူ စာတွေပြန်သင်ရတော့ ကောင်းပါတယ်”ဟု ဆိုသည်။

ကိုဗစ်စည်းကမ်းများကြောင့် တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူးနေ့တို့တွင် တစ်ဖွဲ့တက်ရောက်ကြရမည်ဖြစ်ပြီး ကြာသပတေးနှင့် သောကြာနေ့တို့တွင် တစ်ဖွဲ့ ခွဲ၍ တက်ရမည်ဖြစ်သည်။

အချို့ကျောင်းများတွင် Group A နှင့် Group B ခွဲပြီး တစ်ပတ်နား တစ်ပတ်တက် အစီအစဉ်ဖြင့် တက်ရောက်ရန် ဆောင်ရွက်နေသည်ဟုလည်း ဆရာ၊ ဆရာမအသိုင်းအဝိုင်းမှ သိရသည်။

ရခိုင်ပြည်နယ်အတွင်း (၁၇) မြို့နယ်အနက် ဂွမြို့နယ်တစ်ခုတည်းမှအပ ကျန်သည့် (၁၆) မြို့နယ်မှ ကျောင်းများကို ယနေ့ တပြိုင်တည်း ပြန်ဖွင့်လိုက်ခြင်းဖြစ်သည်။

တိုင်းနှင့် ပြည်နယ် ၉ ခုမှ မြို့နယ် (၄၆) မြို့နယ်မှ ကျောင်းများအား ယာယီပိတ်ထားဦးမည်ဟုလည်း ပြီးခဲ့သည့် အောက်တိုဘာလ ၂၈ ရက်နေ့တွင် ကိုဗစ် ၁၉ ကာကွယ် ထိန်းချုပ် ကုသရေးဗဟိုကော်မတီက ထုတ်ပြန်ထားသည်။

Most read this week

April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...
April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...
April 8, 2026
မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင်...