ထန်တလန်မြို့ မီးဘေးသင့်ပြည်သူများအတွက် ရခိုင်လူငယ်များဦးဆောင်၍ အလှူငွေများကောက်ခံ

ထန်တလန်မြို့ မီးဘေးသင့်ပြည်သူများအတွက် ရခိုင်လူငယ်များဦးဆောင်၍ အလှူငွေများကောက်ခံ

ချင်းပြည်နယ်၊ ထန်တလန်မြို့ မီးဘေးသင့်ပြည်သူများအတွက် ရခိုင်လူငယ်များကဦးဆောင်ပြီး အလှူငွေကောက်ခံမှုများ ပြုလုပ်နေကြောင်း သိရသည်။

စစ်တွေမြို့ တြိဂံလမ်းဆုံတွင် အောက်တိုဘာ ၃၁ ရက် ညနေ ၄ နာရီမှ ၇ နာရီအထိ ရခိုင်လူငယ် ၁၀ ဦးခန့်က မီးဘေးသင့်ပြည်သူများအတွက် အလှူငွေများကောက်ခံခဲ့ခြင်းဖြစ်သည်ဟု ဦးဆောင်သူ ကိုသက်ဇင်က နိရဥ္စရာကို ပြောသည်။

 

“ကိုယ်ချင်းစာတဲ့စိတ်၊ အဓိက လူသားအချင်းချင်း ကိုယ်ချင်းစာစိတ်ထားတဲ့စိတ်နဲ့လုပ်ဖြစ်တာပါ။ နိုဝင်ဘာ ၂ ရက်နေ့မှာလည်း စစ်တွေမြို့ မြို့မစျေးကြီးမှာ အလှူခံသွားဖို့စီစဉ်ထားပါတယ်”ဟု ပြောသည်။

 

ယခုကောက်ခံရရှိသောအလှူငွေများကို ထန်တလန်မြို့ မီးဘေးသင့်ပြည်သူများအတွက် ကောက်ခံလျက်ရှိသော အဖွဲ့များနှင့် ချိတ်ဆက်ကာ လှူဒါန်းသွားမည်ဟု ကိုသက်ဇင်က ဆက်ပြောသည်။

 

အခက်ခဲကြုံနေရသော တိုင်းရင်းသားများကိုကူညီခြင်းသည် ရခိုင်လူမျိုးများအတွက် ဂုဏ်ယူရသောလုပ်ရပ်ဖြစ်သည်ဟု စစ်တွေမြို့ခံ ဦးတင်ငြိမ်းဦးက ပြောသည်။

 

“တိုင်းရင်းသားတွေ အခက်ခဲဖြစ်နေချိန်မှာ အခုလို ကူညီတာ အရမ်းကောင်းပါတယ်။ တိုင်းရင်းသားတွေ ထဲမှာလည်း ကျနော်တို့လူမျိုးအခက်ခဲဖြစ်တုန်းက ကောင်းခဲ့တာတွေအများကြီးရှိပါတယ်”ဟု ပြောသည်။

 

ချင်းပြည်နယ်၊ ထန်တလန်မြို့တွင် အောက်တိုဘာ ၃ဝ ရက်အထိစာရင်းအရ လူနေအိမ် ၁၆၀ ကျော်နှင့် ခရစ်ယာန်ဘုရားရှိခိုးကျောင်း ၂ ကျောင်းမီးရှို့ခံထားရသည်ဟု သတင်းများတွင်ဖော်ပြထားချက်အရ သိရသည်။

May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...
May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...
May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...
May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...