စဉ့်ကိုင်မြို့နယ်၊ ရွာဘိုကျေးရွာက CDM ကျောင်းဆရာ စစ်ကောင်စီ၏ ဖမ်းဆီးနှိပ်စက်ခံရပြီး သေဆုံး

စဉ့်ကိုင်မြို့နယ်၊ ရွာဘိုကျေးရွာက CDM ကျောင်းဆရာ စစ်ကောင်စီ၏ ဖမ်းဆီးနှိပ်စက်ခံရပြီး သေဆုံး

မန္တလေးတိုင်း၊ စဉ့်ကိုင်မြို့နယ်၊ ရွာဘိုကျေးရွာမှ အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) လုပ်ထားသော အ.ထ.က စဉ့်ကိုင်မှ အထက်တန်းပြကျောင်းဆရာ ဦးဝင်းလွင်သည်  စစ်ကောင်စီ၏  ဖမ်းဆီးနှိပ်စက်ခံရပြီး သေဆုံးသွားကြောင်း မိသားစုနှင့်နီးစပ်သူတစ်ဦးက မဇ္ဈိမကို ပြောသည်။

ယမန်နေ့ နိုဝင်ဘာ ၁ ရက် နံနက်အစောပိုင်း ၃ နာရီ အချိန်ခန့်က ရွာဘိုကျေးရွာနှင့် ကပ်လျက်ရှိ မြို့ကုန်း ဘုန်းကြီးကျောင်းတွင် တပ်စွဲထားသော စစ်ကောင်စီတပ်သား ၁၀ ဦးခန့်က ဦးဝင်းလွင် အပါအဝင် ရွာသား ငါးဦးကို စစ်ဆေးမေးမြန်းစရာ ရှိသည်ဟုဆိုကာ ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်သည်။

ထို့နေ့ ညနေပိုင်းတွင် သုံးဦးကို ပြန်လွှတ်ပေးခဲ့ပြီး ဦးဝင်းလွင်နှင့် ကျူရှင်ဆရာဖြစ်သူ ဦးရန်အာင်ဝင်း တို့ကို ဆက်လက် ဖမ်းဆီးထားရာ ယနေ့ နံနက် ၇ နာရီအချိန်တွင်  ဦးဝင်းလွင်၏ အလောင်းလာယူရန် ၎င်း၏မိသားစုအား  အကြောင်းကြားလာသည်ဟု ဆိုသည်။

“မေးစရာ ရှိတယ်လို့ပြောပြီး ငါးယောက် ဖမ်းတာပါ။ သုံးယောက် ပြန်လွှတ်ပေးပါတယ်။ ရွာမှာ တပ်စွဲထားတဲ့ တပ်က ဦးဝင်းလွင် ဆုံးပြီဆိုတာကို လာပြောတာပါ။ အလောင်းတော့ မမြင်ရဘူးပေါ့ဗျာ။ ဒါပေမဲ့ အဲလို ခေါ်ပြောတယ်။ အလောင်းသယ်မယ်ဆိုတော့ စဉ့်ကိုင်မှာ သင်္ဂြိုဟ်လိုက်ပြီ ပြောပြီး ပြန်လွှတ်လိုက်တာ။ လူကတော့ အသက် ၃၂ အရွယ် ကျန်းမာတဲ့လူငယ်ပါ။ ဖမ်းတုန်းကတော့ ဘယ်ခေါ်သွားတယ် မသိရပါဘူး။ အခုမှ စဉ့်ကိုင်မှာ ဆိုတာ သိရတာပါ” ဟု မိသားစုနှင့် နီးစပ်သူက ဆိုသည်။

ဦးဝင်းလွင်သည် စစ်တပ်က အာဏာသိမ်းပြီးနောက် CDM ပြုလုပ်ပြီး တာဝန်ကျရာ စဉ့်ကိုင်မြို့မှ  ရွာဘိုကျေးရွာသို့ ပြန်လာကာ စစ်အာဏာရှင် ပြုတ်ကျရေး ဆန္ဒပြပွဲများကို ဦးဆောင် ပြုလုပ်ခဲ့သူ တစ်ဦး ဖြစ်သည်။

ဦးဝင်းလွင်၏ မိသားစုဝင်များက ၎င်း၏ အလောင်းကို အိမ်သို့ ယူဆောင်ကာ ကောင်းကောင်းမွန်မွန် မြေမြုပ်ခွင့် ရရန် ဆန္ဒရှိနေသည်။

 မလွတ်မြောက်လာသေးသည့် ဦးရန်အာင်ဝင်း၏ အခြေအနေကိုလည်း မသိရသေးသဖြင့် ၎င်း၏ မိသားစုဝင်များက စိုးရိမ်နေကြသည်။

ရွှေဘိုကျေးရွာသည် စဉ်ကိုင်မြို့၏ အရှေ့မြောက်ဘက် ၁၃ မိုင် အကွာတွင် ရှိသည်။

Most read this week

ရုရှားနိုင်ငံထုတ် စစ်ကော်မရှင်၏တိုက်လေယာဉ်အသစ်များကို အာဏာသိမ်းပြီးကာလမှာ တွေ့ရစဉ်(ပုံအဟောင်း-AFP)
March 17, 2026
ဓာတု — မန္တလေးတိုင်း၊ မြင်းခြံခရိုင်ရှိ မြင်းခြံနှင့်နွားထိုးကြီးမြို့နယ်တို့တွင် နှစ်လတာအတွင်း...
ဓာတ်ပုံ - ၁၀၂၇ စစ်ဆင်ရေးအတွင်း ညီနောင်မဟာမိတ်အဖွဲ့ဝင် သုံးဖွဲ့မှ တပ်သားများကို အတူတကွ တွေ့ရစဥ် ။
March 16, 2026
မောင်ခက်နွေ — ညီနောင်မဟာမိတ် အဖွဲ့ဝင်များ ဖြစ်သည့် MNDAA နှင့် TNLA တို့အကြား ဖြစ်ပွားနေသည့်...
March 14, 2026
စစ်ကော်မရှင်က ၂၀၂၆ ခုနှစ် မတ်လ ၁ ရက်မှ ၁၀ ရက်အတွင်း  ညောင်လေးပင်မြို့နယ်၌ ကျူးလွန်ခဲ့သည့်...
March 13, 2026
ပါခွီး — ပဲခူးတိုင်း ၊ တောင်ငူမြို့ အခြေစိုက် ကေတုမတီလေတပ်ကို ရှော့တိုက်ဒုံး ၁၈လုံးဖြင့် ပစ်ခတ်...