ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက် ထိုင်းလေတပ် စစ်ဆေးရေးစင်တာက ကင်းလှည့်စစ်ဆေးမည်

ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက် ထိုင်းလေတပ် စစ်ဆေးရေးစင်တာက ကင်းလှည့်စစ်ဆေးမည်

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်အတွင်းရှိ ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက်တွင် ထိုင်းလေတပ် စစ်ဆေးရေး စင်တာက ကင်းလှည့် စစ်ဆေးမှုများ ပြုလုပ်မည်ဟု မြဝတီမြို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ထံ ထိုင်းဘက်က အကြောင်းကြားထားကြောင်း လျို့ဝှက်စာ တစ်စောင်အရ သိရသည်။

အဆိုပါစာသည် ယာယီတပ်ရင်းမှူး တစ်ဦးမှ မြဝတီမြို့ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ထံ အကြောင်းကြားထားသည့် စာဖြစ်ပြီး မြဝတီခရိုင်အတွင်း ဌာနဆိုင်ရာများနှင့် နယ်ခြားစောင့်  တပ်ဖွဲ့ဝင်များကို အသိပေး ညွှန်ကြားနိုင်ပါရန် ညှိနှိုင်းအကြောင်းကြားခြင်း ဖြစ်ကြောင်း ပါရှိသည်။

ထိုင်းနိုင်ငံဘက်မှ Saab 340 AEW နှင့် Saab 340 EW အမျိုးအစား လေယာဉ် နှစ်စီးဖြင့် တာ့ခ်ခရိုင်ရှိ ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက်ကို နိုဝင်ဘာ ၁ ရက် မှ ၅ ရက်အတွင်း လေကြောင်းမှ ကင်းလှည့် စစ်ဆေးမှု ပြုလုပ်မည် ဖြစ်သည်ဟု ယင်းစာတွင် ပါရှိသည်။

ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက်မှ တရားမဝင် ဝင်ရောက်နေသည့် မြန်မာရွှေ့ပြောင်း လုပ်သားများ အဖမ်းခံရသည့် သတင်းများလည်း  ယခုရက်ပိုင်းအတွင်း နေ့စဉ်ဆိုသလို ထိုင်းမီဒီယာများတွင် ဖော်ပြလျက်ရှိသည်။

ထိုင်း-မြန်မာ နယ်စပ် ကမ်ချနဘူရီ ပြည်နယ်တွင် နှစ်ရက်အတွင်း အထောက်အထားမဲ့  ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားဦးရေ ၃၀၀ နီးပါး ဖမ်းမိထားပြီး ယခုတစ်ပတ်အတွင်း ယင်းပြည်နယ် တစ်ခုတည်းမှာပင် အဖမ်းခံရသည့် ရွှေ့ပြောင်းလုပ်သား ထောင်ဂဏန်း ရှိနေပြီ ဖြစ်သည်။

Most read this week

ဓာတ်ပုံ - (စစ်ကိုင်းတိုင်းရှိ တောင်သူတစ်ဦး လယ်ထွန်ယက်နေစဉ် / MDN.gov)
August 26, 2026
မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်းရှိ မြင်းခြံ၊ နွားထိုးကြီးနှင့် တောင်သာမြို့နယ်များတွင်...
ဓာတ်ပုံ – (တမူး - ကလေးလမ်းပိုင်းတိုက်ပွဲအတွင်း ပျက်စီးသွားသည့် နန်မွန်းတားတံတား ပြုပြင်နေစဉ်/ Crd)
August 26, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံသို့ မေလ ၃၀ ရက်မှ ဇွန်လ ၃ ရက်အထိ သွား...
ဓာတ်ပုံ - Thingsai Tlaizawng / မီဇိုရမ်ပြည်နယ်အတွင်း ဖမ်းဆီးရမိသည့် လက်နက်ခဲယမ်းများ
August 25, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်တွင် ရက်ပိုင်းခြား၍ မြန်မာနိုင်ငံမှ သယ်ဆောင်လာသည်ဟု ယူဆရသော သေနတ်...
August 24, 2026
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် မုံရွာခရိုင် ၅+၁ တပ်ဖွဲ့ဝင် နှစ်ဦးနှင့်...