ထားဝယ်ခရိုင်သပိတ်ခေါင်းဆောင်ကို မမိတာကြောင့် မိခင်ဖြစ်သူကို ဖမ်းဆီးသွား ၊ သပိတ်ကော်မတီဝင်တစ်ဦးနေအိမ် မီးရှို့ခံရ

ထားဝယ်ခရိုင်သပိတ်ခေါင်းဆောင်ကို မမိတာကြောင့် မိခင်ဖြစ်သူကို ဖမ်းဆီးသွား ၊ သပိတ်ကော်မတီဝင်တစ်ဦးနေအိမ် မီးရှို့ခံရ

တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံမြို့နယ်၊ ပြင်ထိန်းရွာနေ ထားဝယ်ခရိုင်သပိတ်ခေါင်းဆောင်နေအိမ်ကို နိုဝင်ဘာလ ၁ ရက်နေ့ ညပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဝင်ရောက်ဖမ်းဆီးရာ မမိတာကြောင့် မိခင်ဖြစ်သူကို ဖမ်းဆီးသွားသလို သပိတ်ကော်မတီဝင်တစ်ဦးနေအိမ်ကိုလည်း မီးရှို့သွားတယ်လို့ ဒေသခံတွေက ပြော

ပါတယ်။

မနေ့ည ၈ နာရီခန့်မှာ ပြင်ထိန်းရွာရှိ ထားဝယ်ခရိုင်သပိတ်ခေါင်းဆောင် ကိုမင်းလွင်ဦးနေအိမ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဝင်ရောက်စီးနင်းရှာဖွေရာ ကိုမင်းလွင်ဦးကို နေအိမ်မှာ မတွေ့တာကြောင့် မိခင်ဖြစ်သူ ဒေါ်ချိုသန်း အသက် ၅၆ နှစ်ကို ဖမ်းဆီးသွားတယ်လို့ ဆိုပါတယ်။

"ကိုမင်းလွင်ဦးကို နေအိမ်မှာ မတွေ့လို့ သူရဲ့ မိခင်ကို ဖမ်းသွားတယ်။ ဘာကြောင့် အဲလိုဖမ်းသွားလဲဆိုတာတော့ မသိရသေးဘူး။ ကိုဝေယံစိုးနေအိမ်လည်း မီးရှို့ခံလိုက်ရတယ်''လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

ဒါ့အပြင် နေအိမ်အတွင်းရှိ ပစ္စည်းတွေကို မွှေနှောက်ရှာဖွေပြီး ဖျက်ဆီးမှုတွေ ပြုလုပ်ခဲ့သေးတယ်လို့ သိရပါတယ်။

ကိုမင်းလွင်ဦးမှာ ဖေဖေါ်ဝါရီလကတည်းက ပြင်ထိန်းရွာရှိနေအိမ်မှာ နေထိုင်ခြင်းမရှိဘဲ မိသားစုဝင်တွေနဲ့ အခြားနေရာတစ်ခုမှာ ပြောင်းရွေ့နေထိုင်နေတာဖြစ်တယ်လို့ ဆိုပါတယ်။

အဆိုပါညမှာပင် စပ်ပြဲကျေးရွာနေ ထားဝယ်ခရိုင်သပိတ်ကော်မတီဝင် ကိုဝေယံစိုးနေအိမ်ကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထပ်မံဝင်ရောက်ရှာဖွေခဲ့သေးတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ကိုဝေယံစိုးနေအိမ်ကို ဝင်ရောက်ရှာဖွေပြီးနောက်ပိုင်း နေအိမ်ကို မီးရှို့သွားခဲ့တယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

လတ်တလောမှာ ကိုမင်းလွင်ဦးမိခင် ဒေါ်ချိုသန်းကို လောင်းလုံမြို့မရဲစခန်းမှ ချုပ်နှောင်ထားတယ်လို့ သိရပါတယ်။

Most read this week

December 23, 2025
လူထုရဲ့ အခက်အခဲအကျပ်အတည်းတွေကို လွှတ်တော်ထဲ တင်ပြပေးမယ့် ကိုယ်စားလှယ်တွေဟာ...
Photo credit - social media
December 22, 2025
ရွှေ့ပြောင်းမြန်မာပြည်သူတွေဟာ အနာဂတ်အခြေအနေဆိုင်ရာ စိုးရိမ်မှုနဲ့ မျှော်လင့်မှုတွေမှာ...
Photo credit - CJ
December 20, 2025
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဒေသတွင်းမှာ...
December 19, 2025
မွန်ပြည်နယ်တောင်ပိုင်းက စစ်ရေးလှုပ်ရှားမှု အများဆုံးဒေသဖြစ်တဲ့ ရေးမြို့နယ်မှာ စစ်ကော်မရှင်က...