တရက်အတွင်း တရားမဝင်နယ်စပ်ဖြတ်ကျော်လာသည့် မြန်မာနိုင်ငံသား ၁၁၀ ဦး ဖမ်းဆီးခံရ

တရက်အတွင်း တရားမဝင်နယ်စပ်ဖြတ်ကျော်လာသည့် မြန်မာနိုင်ငံသား ၁၁၀ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံအနောက်ပိုင်းခရိုင်တစ်ခုအတွင်းသို့ အဖွဲ့ ၃ ဖွဲ့ ခွဲပြီး တရားမဝင် ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၁၁၀ ဦးကို စနေနေ့ (၃၀ ရက်နေ့ အောက်တိုဘာလ) က ဖမ်းဆီးခဲ့သည်ဟု ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန် ခဲ့ပါသည်။  

အမျိုးသား ၂၁ ဦးနှင့် အမျိုးသမိး ၁၆ ဦး ပါဝင်သော ၃၈ ဦးပါ နောက်ဆုံးအဖွဲ့သည် ဘန်မိုင်ဟွေနမ်ခေါင် သို့မဟုတ် Ban Kao ခရိုင်ခွဲ၏ ရွာနံပါတ် ၁၅ အနားရှိ ကြံစိုက်ခင်းအနားတွင် စောင့်ဆိုင်းနေစဥ် ညနေ ၃ နာရီခန့် ၌ လှည့်ကင်းတပ်ဖွဲ့ မှ ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

ဖမ်းဆီးခံရသူများမှာ ပဲခူး၊ မော်လမြိုင်နှင့် မန္တလေး မြို့များမှ ဖြစ်ကြပြီး ထိုင်းနိုင်ငံ၏ ချွန်ဘူရီ၊ စမွတ်ဆာခေါင် နှင့် ဘန်ကောက်ခရိုင်များအတွင်း အလုပ်လုပ်ကိုင်နိုင်ရန်အတွက် တရားမဝင် ဝင်ရောက်လာခဲ့ကြသည်။

အလုပ်နေရာများသို့ ရောက်ရှိရန်အတွက် ကြားခံပွဲစားများကို တစ်ဦးလျှင် ဘတ် ၁၅၀၀၀ စီပေးဆောင်ခဲ့ကြရသည်။

အုပ်စုသုံးစုအနက် လူဦးရေ ၁၈ ဦးပါဝင်သော ပထမအဖွဲ့သည် Ban Kao ခရိုင်ခွဲအတွင်းရှိ ရွာနံပါတ်အနီးတွင် မနက် ၄ နာရီခွဲခန့်၌ ဖမ်းဆီးခံခဲ့ရပြီး လူဦးရေ ၅၄ ဦးပါဝင်သော ဒုတိယအုပ်စုသည် ဆန်ခရဘူရီခရိုင်၊ နောင်လုခရိုင်ခွဲ၏ ရွာနံပါတ် ၄ တွင် စောင့်ဆိုင်းနေစဥ် မနက် ၆ နာရီခန့်၌ ဖမ်းဆီးခံခဲ့ရသည်။

တရားမဝင်နယ်စပ်ဖြတ်ကျော်သူများသည် တရားမဝင်ဝင်ရောက်မှုနှင့် ကိုဗစ် ၁၉ အခြေအနေအတွင်း အရေး‌ပေါ် အတိုင်းအတာကို ချိုးဖောက်သည့်ပြစ်မှုများနှင့် စီရင်ခံခဲ့ရသည်။ သက်ဆိုင်ရာ နိုင်ငံများသို့ ပြန်လည်ပို့ဆောင်နိုင်ရန်နှင့် ဥ‌ပဒေအရ အရေးယူဆောင်ရွက်မှုများကို ပြုလုပ်နိုင်ရန်အတွက် ရဲတပ်ဖွဲ့သို့ လွှဲပြောင်းခဲ့သည်။  

အလုပ်အကိုင်ရှာဖွေသူ အများအပြားသည် ကန်ချနပူရီနှင့် နယ်စပ်တစ်ဖက်ခြမ်းတွင်  နယ်စပ်ဖြတ်ကျော် ခိုးဝင်ရန် စောင့်ဆိုင်းနေကြသည်ဟု ဖမ်းမိသူများက ပြောသည်။

Most read this week

December 23, 2025
လူထုရဲ့ အခက်အခဲအကျပ်အတည်းတွေကို လွှတ်တော်ထဲ တင်ပြပေးမယ့် ကိုယ်စားလှယ်တွေဟာ...
Photo credit - social media
December 22, 2025
ရွှေ့ပြောင်းမြန်မာပြည်သူတွေဟာ အနာဂတ်အခြေအနေဆိုင်ရာ စိုးရိမ်မှုနဲ့ မျှော်လင့်မှုတွေမှာ...
Photo credit - CJ
December 20, 2025
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဒေသတွင်းမှာ...
December 19, 2025
မွန်ပြည်နယ်တောင်ပိုင်းက စစ်ရေးလှုပ်ရှားမှု အများဆုံးဒေသဖြစ်တဲ့ ရေးမြို့နယ်မှာ စစ်ကော်မရှင်က...