ဖမ်းဆီးထားသူ ပြည်သူ ၄ ဦးကို သိန်း(၂၀)ပေးမှ ပြန်လွှတ်ပေးမည်ဟုဆို

ဖမ်းဆီးထားသူ ပြည်သူ ၄ ဦးကို သိန်း(၂၀)ပေးမှ ပြန်လွှတ်ပေးမည်ဟုဆို
သတင်း - သံလွင်တိုင်းမ်
သတင်း - သံလွင်တိုင်းမ်

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ဇရက်ဆိပ်ကျေးရွာနေ ပြည်သူ ၄ ဦးကို စစ်ကောင်စီက ဖမ်းဆီးသွားပြီး ပြန်လွှတ်ပေးလိုရင် ငွေကျပ် သိန်း(၂၀)

ပေးရမယ်လို့ ဇရက်ဆိပ်ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောဆိုခဲတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

အောက်တိုဘာလ ၂၇ ရက်နေ့ည ၉ နာရီကျော်က ဇရက်ဆိပ်ကျေးရွာက ဦးကြည်သိန်း၊ ဦးဖိုးတီးကုန်း၊ ဦးကြယ်နီ၊ ပန်းပဲနောင်ပုတို့ ၄ ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးသွားတာ ဖြစ်ပါတယ်။

နောက်ရက်တွေမှာ ဖမ်းဆီးခံရသူ ၄ ဦးရဲ့ အခြေအနေကို သိရှိရဖို့  မိသားစုဝင်တွေက ဇရက်ဆိပ်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးပါကုန်းထံ သွားရောက်စုံစမ်းခဲ့တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးခံရသူတွေ ပြန်လွှတ်ပေးလိုရင် တစ်ဦးကို ကျပ်သိန်း ၂၀ ပေးရမယ်လို့ စစ်ကောင်စီဘက်က တောင်းဆို

ကြောင်း အုပ်ချုပ်ရေးမှူးက မိသားစုဝင်တွေကို ပြောဆိုခဲ့ပါတယ်။

"အုပ်ချုပ်ရေးမှူး ပါးစပ်က ပြောတယ်လို့ ပြန်သိရတယ်။ ဖမ်းခံထားရသူတွေ ပြန်လွှတ်ပေးဖို့ တစ်ဦးကို သိန်း ၂၀ ပေးမှ ပြန်လွှတ်ပေးမယ်လို့ စကစ ဘက်က ပြောတယ်လို့ သူပြောတယ်တဲ့။ မပေးရင် မလွှတ်ဘူးလို့ ပြောတယ်''လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

အဆိုပါ ဖမ်းဆီးခံရသူ ၄ ဦးကို အမှတ်(၂၈၅)တပ်ရင်းထဲ ဖမ်းဆီးထားတယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

July 31, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်အသွင်းပြောင်း အစိုးရ၏ ရက် ၁၀၀ စီမံချက်...
July 30, 2026
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) သည် အာရက္ခတပ်တော် (AA) အပါအဝင်...
July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...